www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, April 5, 2018

လေပြင်းဒဏ်ကြောင့် ပြိုကျပျက်စီး ခဲ့သော သမိုင်းဝင်နေရောင်ပြ အင်းစေတီ၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်တို့ကို အသစ်တင်လှူ ပူဇော်မည်



နေပြည်တော် ၅-၄-၂ဝ၁၈

နေပြည်တော် ကောင်စီ နယ်မြေ ပုဗ္ဗသီရိမြို့နယ် အတွင်းရှိ လေပြင်းဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော သမိုင်းဝင် နေရောင်ပြ အင်းစေတီ၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်တို့ကို အသစ်တင်လှူ ပူဇော်သွားမည် ဖြစ်ကြောင်း နေရောင်ပြ အင်းစေတီတော် ဂေါပကအဖွဲ့ထံမှ သိရသည်။

နေပြည်တော် ကောင်စီနယ်မြေတွင် မတ် ၃၁ ည ၆နာရီ မိနစ် ၃ဝ ခန့်က တိုက်ခတ်ခဲ့သည့် လေပြင်းကြောင့် နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ စေတီပုထိုးအချို့ ပြိုကျပျက်စီးခြင်းများ၊ ထီးတော်၊ စိန်ဖူးတော်မြေခခြင်းများ ဖြစ်ပေါ်ခဲ့ရာ သမိုင်းဝင် နေရောင်ပြ အင်းစေတီ၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်တို့မှာ မြေခကြွေကျ ခဲ့ရခြင်းဖြစ်ကာ လက်ရှိတွင် ထီးတော်အသစ်ကို သုံးလအတွင်း ပြန်လည်တင်လှူနိုင်ရန် ယခင် ထီးတော် တင်လှူခဲ့သည့် အလှူရှင်များဖြင့် တိုင်ပင်ညှိနှိုင်း လျက်ရှိသည်ဟု နေရောင်ပြအင်း စေတီတော်ဂေါပက အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးလှဝင်းက ပြောပြသည်။

"ထီးတော်တင်ထားတာ လပိုင်းပဲရှိပါသေးတယ်။ သုံးလလောက်ပါ။ မတ် ၃၁ ရက် ညနေပိုင်းက လေရော၊ မိုးရောကျတဲ့အချိန် ထီးတော်ကပြတ်ထွက်ပြီး လေထဲလွင့်သွားတော့ အဲဒီမှာလှူထားတဲ့ ရတနာပစ္စည်းတွေလဲ အကုန်တကွဲတပြား လွင့်စဉ်ကုန်ပါတယ်။ စိန်ဖူးလဲ ကြေမွနေပြီ။ ထီးတော်သစ် ပြန်တင်ဖို့ အလှူရှင်တွေနဲ့ အခုတိုင်ပင်နေကြပါတယ်။ သုံးလအတွင်း ပြန်တင်ဖို့တော့ စီစဉ်ထားပါတယ်"ဟု နေရောင်ပြအင်း စေတီတော်ဂေါပကအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးလှဝင်းက ပြောပြသည်။

ထိုသို့ ထီးတော်တင်လှူ ပြီးသုံးလအတွင်း လေပြင်းကြောင့် ယခုကဲ့သို့ ထီးတော်နှင့် စိန်ဖူးတော် မြေခခဲ့ရခြင်းမှာ ထီးတော်ပြုလုပ်ရာတွင် ခိုင်ခံ့မှုမရှိခြင်း ကြောင့်ဖြစ်သည်ဟု ယူဆထားကြောင်း နေရောင်ပြအင်း စေတီတော် ဂေါပကအဖွဲ့မှ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger