www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, April 6, 2018

ဝန်ဆောင်မှု ပုံစံသစ်များဖြင့် ဈေးကွက် ထိုးဖောက်လာသည့် စက်သုံးဆီဆိုင်များ



ရန်ကုန် ၆-၄-၂ဝ၁၈

ရန်ကုန်မြို့အတွင်း မော်တော်ယာဉ်များ တိုးတက်များပြား လာသည့်နည်းတူ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များလည်း အပြိုင်အဆိုင် တိုးချဲ့ဖွင့်လှစ် လာကြသည်။ ထိုစက်သုံးဆီ အရောင်းဆိုင်များသည် တစ်ဆိုင်နှင့်တစ်ဆိုင် မတူသော ဝန်ဆောင်မှုပုံစံများဖြင့် ရောင်းချ လျက်ရှိကြောင်း မော်တော်ယာဉ် မောင်းများထံမှ သိရသည်။

''ကားတွေများလာသလို ဆီဆိုင်တွေလည်း များလာတယ်။ အခုနောက်ပိုင်းမှာ ဆီဆိုင်ဝန်ထမ်းတွေက ဆီထည့်ပေး၊ ပြေစာဖြတ်ပေးရုံနဲ့ အလုပ်မဖြစ်တော့ဘူး။ ဆိုင်တွေက များလာတော့ Custome တွေကလည်း ဆိုင်ရွေး လာကြတယ်။ အချိန်အတွယ် ပြည့်တယ်။ ဆီအရည်အသွေးကလည်း မှန်တယ်။ ဒါနဲ့တင်မပြီးသေးဘူး။ ဝန်ဆောင်မှု ကောင်းမှလည်း Custome တွေကလာကြတာ'' ဟု မင်္ဂလာ တောင်ညွန့်မြို့နယ်မှ အငှားယာဉ် မောင်းသူ ဦးသန်းစိုးက ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီး၌ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များက နေ့စဉ်ပျမ်းမျှ ဓာတ်ဆီဂါလန် သုည ဒသမ ၂၇ သန်းနှင့် ဒီဇယ်ဆီ သုည ဒသမ ၁၈ သန်း ဖြန့်ဖြူး ပေးလျက်ရှိကြောင်း၊ အဆိုပါ ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းရှင်များ ရောင်းချသည့် စက်သုံးဆီ ဈေးနှုန်းများသည် ကမ္ဘာ့ရေနံဈေးနှုန်း နှင့်အညီ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြစ်စေရေး စက်သုံးဆီဈေးနှုန်း ထိန်းသိမ်းရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရန်လည်း စီစဉ်ထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger