တောင်ကြီး ၁၃-၃-၂ဝ၁၈
ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ ကျေးရွာပေါင်း ၂၅၃ ရွာမီးရရှိရေးအတွက် ယူရိုငွေ ကိုးသန်း အသုံးပြုရန်စီစဉ်ထားကြောင်း အဆိုပါစီမံကိန်းမန်နေဂျာ ဒေါက်တာစိုးစိုးအုန်းထံမှ သိရသည်။
အဆိုပါစီမံကိန်းသည် အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေး စီမံကိန်းအောက်တွင် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်ဖြစ်ပြီး တစ်အိမ်ချင်းမီးရရှိရေး အကောင်အထည် ဖော်လုပ်ကိုင်မည့် လုပ်ငန်းလည်းဖြစ်သည်။
ယင်းစီမံကိန်းကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်မှ စတင်အကောင်အထည်ဖော်ကာ ကျေးရွာများ သတ်မှတ်ရွေးချယ်ခြင်း၊ လုပ်ငန်းတင်ဒါများ ခေါ်ယူခြင်းတို့ဖြင့် လုပ်ဆောင်မည် ဖြစ်သည်။
ထိုစီမံကိန်းလုပ်ငန်းတွင် တစ်အိမ်သုံး ဆိုလာစနစ်များ တပ်ဆင်၍ မီးရရှိရန် လျာထားခြင်းဖြစ်ပြီး ယူရိုငွေ ကိုးသန်းအနက်မှ ခုနစ်သန်းကို လုပ်ငန်းအကောင်အထည် ဖော်လုပ်ကိုင်မှုများအတွက် သုံးစွဲမည်ဖြစ်သကဲ့သို့ ကျန်ရှိသော ယူရိုငွေနှစ်သန်းကို နည်းပညာ အကူအညီပေးရေး လုပ်ငန်းများအတွက် သုံးစွဲမည်ဖြစ်သည်။
အဆိုပါစီမံကိန်းသည် ဂျာမန်ဖွံ့ဖြိုးရေး ဘဏ်၏ ပံ့ပိုးကူညီမှုဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက် ခြင်းဖြစ်ပြီး အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း၏ တစ်စိတ် တစ်ဒေသအဖြစ် ပါဝင်ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုကျေးရွာပေါင်း ၂၅၃ ရွာကို ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ မြို့နယ်ပေါင်း ၁၅ မြို့ နယ်အနက်မှ ရွေးချယ်ဆောင်ရွက် မည်ဖြစ်ပြီး အိမ်ခြေပေါင်း ၁ဝဝဝဝ ကျော် မီးရရှိစေမည် ဖြစ်ကြောင်း သိရသည်။
#Themyawadydaily






No comments:
Post a Comment