www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 12, 2018

ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်ရှိ မြို့နယ်သုံးခုတွင် ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ် ဝန်ဆောင်မှုသုတေသန လုပ်ငန်းများ ဧပြီ ၁ ရက်တွင်စတင် လုပ်ဆောင်မည်



မုံရွာ ၁၂-၃-၂​ဝ၁၈

ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်ရှိ မြို့နယ်သုံးခုတွင် ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ် ဝန်ဆောင်မှု လုပ်ငန်းများကို ဧပြီ ၁ ရက်မှ မေလအထိ ကွင်းဆင်း သုတေသနပြုလုပ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

''ဇီဝမျိုးစုံမျိုးကွဲများကို အဓိကထိန်းသိမ်း သင့်တဲ့နေရာသုံးခု ရွေးချယ်ထားပါတယ်။ ခန္တီးမြို့နယ်၊ ကလေးဝမြို့နယ်နဲ့ ချောင်းဦးမြို့နယ် တို့မှာ နေရာ ၁၅ နေရာရွေးချယ်ပြီး သုတေသနပြုလုပ်ငန်းတွေ လုပ်ဆောင်မှာပါ။ အဲဒီမှာတွေ့ရှိချက် တွေကိုလည်း ဒေသမှာရှိတဲ့ အသက်မွေး ဝမ်းကျောင်းတွေကို ဘယ်လို အခြားနည်းသုံးပြီး လုပ်ချင်သလဲ ဆိုတာမျိုးတွေပါ။ ခန္တီးမြို့မှာ မြို့ပေါ်ရပ်ကွက်တစ်ခု၊ ဆင်သေရွာ၊ စိန်နန်း၊ မိုင်းနောင်၊ နန်းဖာကျေးရွာနဲ့ နန်းနောက်ကျေးရွာ တို့ကိုရွေးချယ် ထားပါတယ်။ ဒါ့အပြင် အောင်ချမ်းသာ၊ သက္ကယ်ကျင်းနဲ့ ဆင်မကျေးရွာ စတဲ့ကျေးရွာသုံးရွာနဲ့ ချောင်းဦးမြို့နယ် အတွင်းက ပေါက်အင်း ဒေသမှာတော့ ပေါက်အင်းရွာ၊ တောကျောင်းကြီး၊ သုံးပန်လှ၊ တောင်ဖီလာနဲ့ ကျန်တဲ့ကျေးရွာနှစ်ရွာ စုစုပေါင်းကျေးရွာ ခြောက်ရွာကိုလည်း ရွေးချယ်ထားပါတယ်။ အဲဒီက လေ့လာဆန်းစစ်လို့ တွေ့ရှိချက်တွေကိုလည်း တိုင်းဒေသကြီးအစိုးရ အဖွဲ့ကနေတစ်ဆင့် ထုတ်ပြန် ပေးသွားမှာပါ'' ဟု မြန်မာ့ဝန်းကျင် သိပ္ပံ၏ဒါရိုက်တာ ဒေါ်ခင်ဥမ္မာထွေးက ပြောသည်။

ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်ဝန်ဆောင်မှု လုပ်ငန်းများအဖြစ် ချင်းတွင်းမြစ်အတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲများ၊ ဂေဟစနစ်ဝန်ဆောင်မှု များနှင့်ဒေသခံတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ဧပြီ ၁ ရက်တွင်လည်းကောင်း၊ကလေးဝမြို့နယ် မဟာမြိုင်တောင်အတွင်းရှိ ကုန်းနေဇီဝမျိုးစုံမျိုးကွဲများ၊ ဂေဟစနစ် ဝန်ဆောင်မှုများနှင့် ဒေသခံတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို မေလပထမပတ်နှင့် ချောင်းဦးမြို့နယ် ပေါက်အင်းရှိ ဇီဝမျိုးစုံမျိုးကွဲနှင့် စိမ့်မြေဂေဟစနစ် ဝန်ဆောင်မှု လုပ်ငန်းများကို မေလတတိယပတ်အတွင်း ကွင်းဆင်းသုတေသန ပြုလုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger