www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 22, 2018

ငါးဖမ်းရေယာဉ်များ ရာသီဥတုဆိုးရွားချိန် ခိုလှုံနိုင်ရန်နေရာများ သတ်မှတ်ထုတ်ပြန်



ရန်ကုန် ၂၂-၃-၂ဝ၁၈

ကမ်းနီး၊ကမ်းဝေး ငါးဖမ်းရေယာဉ် များအနေဖြင့် မိုးရာသီရာသီ ဥတုဆိုးရွားချိန်များတွင် လှိုင်းဒဏ်၊ လေဒဏ်များခိုလှုံနိုင်ရန် နေရာဒေသများ သတ်မှတ်ထုတ်ပြန် ပေးခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာန၏ မတ် ၁၅ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန် ချက်များအရ သိရသည်။

ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် မြန်မာ့ပင်လယ်ပြင်တွင် ငါး၊ပုစွန်များ ရှာဖွေဖမ်းဆီးနေသည့် ကမ်းဝေးငါးဖမ်း ရေယာဉ်များလုပ်ငန်း ဆောင်ရွက်နေစဉ် ရာသီဥတု ဆိုးရွားလာပါက နီးစပ်ရာ ကမ်းခြေများတွင် မုန်တိုင်းဒဏ်မှ ခိုလှုံနိုင်မည့် နေရာဒေသများကို အသိပေး ထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်သည်။

ကမ်းဝေး ငါးဖမ်းရေယာဉ်များ အနေဖြင့် ရာသီဥတုဆိုးရွားမှု အန္တရာယ်မှ ခိုလှုံနိုင်ရန်အတွက် ရခိုင်ပြည်နယ်တွင် နေရာ ခုနစ်နေရာ၊ ဧရာဝတီတိုင်းဒသကြီး တွင်နေရာ သုံးနေရာ၊ မွန်ပြည်နယ်တွင် နေရာတစ်နေရာနှင့် တနင်္သာရီ တိုင်းဒေသကြီးတွင် နေရာ လေးနေရာသတ်မှတ် ပေးထားကြောင်း သိရသည်။

အဆိုပါ သတ်မှတ်ပေးခဲ့သည့် နေရာဒေသများမှာ ရခိုင်ပြည်နယ်တွင် စစ်တွေမြို့နယ်၊ မင်းဂံချောင်းအတွင်း၊ ပေါက်တောမြို့နယ်၊ ဖရုံကာကျွန်း၊ ကျောက်ဖြူမြို့နယ်၊ ငလပွေ့ချောင်း၊ သံတွဲမြို့နယ်၊ ဆင်ခေါင်းဆိပ်ကမ်း၊ သံတွဲမြို့နယ်၊ သဗြုချိုင်၊ တောင်ကုတ်မြို့နယ်၊ သင်္ဘောဆိပ်နှင့် ဂွမြို့နယ်၊ တင်းတောကျေးရွာအုပ်စု အမော်ချိုင်၊ ဧရာဝတီတိုင်း ဒေသကြီးတွင် ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်း၊ ငပုတောမြို့နယ်၊ ပြင်ခရိုင်၊ ချောင်းဝကျေးရွာ၊ ဘိုကလေးမြို့နယ်၊ ကဒုံကနိကျေးရွာ၊ မွန်ပြည်နယ်တွင် ရေးမြို့နယ်၊ ဝါးကျွန်းနေရာ၊ တနင်္သာရီတိုင်း ဒေသကြီးတွင် လောင်းလုံမြို့နယ်၊ မောင်းမကန်ဘုတ်ကျွန်း၊ လောင်းလုံမြို့နယ်၊ လောင်းလုံဘုတ်ကျွန်း၊ မြိတ်မြို့နယ်၊ တနင်္သာရီကျွန်းနှင့် ကျွန်းစုမြို့နယ်၊ ပြင်စဘုကျွန်း အရှေ့ဘက်ရေပြင်တို့ ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger