www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 9, 2018

ပုလဲကျွန်း အဆင့်မြှင့်တင်ရေး လုပ်ငန်းများ လုပ်ဆောင်မည်



သံတွဲ ၉-၃-၂ဝ၁၈

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီကမ်း ခြေအနီးရှိ ပုလဲကျွန်းကို နိုင်ငံခြားခရီးသွား ဧည့်သည်များကို ဆွဲဆောင်ရာ ကျွန်းတစ်ကျွန်းအဖြစ် အဆင့်မြှင့်တင်ရေး လုပ်ငန်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောသည်။

လက်ရှိတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရန် ကျွန်းပေါ်၌ တောများကို ရှင်းလင်းပြီး လူသွားရန်နှင့် စက်ဘီးစီးနိုင်ရန် ၃ ပေခန့်ကျယ်သော မြေသားလမ်းများ ဖောက်လုပ်လျက်ရှိသည်။ ကုန်ကျစရိတ်များနှင့် ထပ်မံဆောင်ရွက်မည့် အစီအစဉ်များ အတွက် Master Plan ရေးဆွဲရန် စီစဉ်နေကြောင်း သိရသည်။

ထို့ပြင် ကျွန်းပေါ်မှ တောင်ကုန်းပေါ်သို့ တက်နိုင်မည့် လမ်းများဖောက်လုပ်ပြီး ကျွန်း၏ အမြင့်ဆုံးနေရာ၌ View Point ထားရှိရေး အစီအစဉ်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိနိုင်စေရေး စည်းကမ်းချက် ထုတ်ပြန်ကာ စားသောက်ဆိုင်များကို တစ်နှစ်ချင်း ခေါ်ယူဖွင့်လှစ်ရန်နှင့် ကျန်းမာရေး လေ့ကျင့်ခန်းများ ပြုလုပ်အပန်းဖြေနိုင်ရန် ဆောက်လုပ်ပေးခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။

ပုလဲကျွန်းကမ်းခြေသို့ တစ်နေ့လျှင် ပြည်တွင်း ခရီးသွားဦးရေ ၁ဝဝဝ ကျော်နှင့် နိုင်ငံခြား ခရီးသွားဧည့်သည် ၁၅ဝ ကျော် လာရောက်လည်ပတ်ပြီး သင်္ကြန်ကာလတွင် နေ့စဉ်ခရီးသွား ၁၅ဝဝ ခန့် လာရောက်လည်ပတ်
ကြောင်း၊ ယင်းခရီးသည်များကို စက်လှေအစင်း ၁ဝဝ ဖြင့် အကြို၊ အပို့ဆောင်ရွက်ပေးပြီး လက်ရှိတွင် လှေဆိုက်ကပ်ရန် နေရာမရှိခြင်းနှင့် ခရီးသည်များ အပန်းဖြေမည့် အဆောက်အအုံများ မရှိသေးကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger