www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 6, 2018

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Gen. Tarnchaiyan Srisuwan အား ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan တို့ ဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်းကိုခံယူစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan တို့ ဂုဏ်ပြုတပ်ဖွဲ့အားစစ်ဆေးစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan တို့ တွေ့ဆုံဆွေးနွေးစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan တို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်စဉ်။

နေပြည်တော် ၆-၂-၂ဝ၁၈

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan အားယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ရှေ့၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့ကိုလိုက်လံ ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့သည် အခမ်းအနား တက်ရောက်လာကြသော နှစ်နိုင်ငံတပ်မတော် အရာရှိကြီးများကို အပြန်အလှန်မိတ်ဆက် ပေးကြသည်။

အဆိုပါ ဂုဏ်ပြုကြိုဆိုပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် Gen. Haspong Yuvarnavandhana၊ ထိုင်းဘုရင့်တပ်မတော်မှ အရာရှိကြီးများ နှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်တပ်မတော် (ကြည်း၊ရေ၊လေ) စစ်သံမှူးများ တက်ရောက်ကြသည်။

ထို့နောက် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ဇေယျာသီရိဗိမာန် ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဧည့်ခန်းမဆောင်၌ တွေ့ဆုံ ဆွေးနွေးသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ-ထိုင်းနှစ်နိုင်ငံသည်နယ်နိမိတ်ချင်း ထိစပ် လျက်ရှိပြီး ယဉ်ကျေးမှုအရ၊ ကိုးကွယ်မှုဘာသာအရ ခွဲခြား၍မရသည့် နိုင်ငံများဖြစ်ကြောင်း၊ ထို့ကြောင့်နှစ်နိုင်ငံ ပြည်သူများ ချစ်ကြည်ရင်းနှီးမှု ရှိစေရန်အတွက် တပ်မတော်အနေဖြင့် ခိုင်ခိုင်မာမာဆောင်ရွက်လျက် ရှိကြောင်း၊ အဆွေတော် ယခုလာရောက်သည့် ခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေး၊ တပ်မတော်နှစ်ရပ် ဆက်ဆံရေး နှင့် ပြည်သူချင်းဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာ စေမည်ဖြစ်ကြောင်း၊ တပ်မတော် ဦးဆောင်မှုဖြင့် နိုင်ငံတော်တာဝန်ယူသည် အချိန်မှစ၍ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက် ကောင်းမွန်ခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် နှစ်နိုင်ငံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များပိုမိုနီးကပ်စွာဖြင့် ချစ်ကြည်ရင်းနှီးမှုပိုမို တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ပြီး မြန်မာ-ထိုင်းအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး (HLC) အားစတင်ကျင်းပ ပြုလုပ်နိုင်ခဲ့ကြောင်း ပြောကြားသည်။

ဧည့်သည်တော် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ယခုလာရောက်သည့်ချစ်ကြည်ရေး ခရီးစဉ်အတွင်း ဖေဖော်ဝါရီ ၄ ရက်တွင်ကျင်းပပြုလုပ်ခဲ့သည့် သံဃာတော်အပါး (၁၀၀၀) အားဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများလောင်းလှူပွဲ မင်္ဂလာအခမ်းအနားအားကြီးကျယ် ခမ်းနားစွာစီစဉ် ဆောင်ရွက်ပေး ခဲ့သည့်အတွက် အထူးပင်ကျေးဇူးတင်ပါကြောင်း၊ ယခုကဲ့သို့တပ်မတော်နှစ်ရပ် ပူးပေါင်း၍ အလှူမင်္ဂလာ အခမ်းအနားကျင်းပ ပြုလုပ်ခဲ့ခြင်းသည် မိမိတို့တပ်မတော်နှစ်ရပ်၏ ချစ်ခင်စည်းလုံးမှုကို ပြသခြင်းပင် ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်မှုများသည် ယခင်ကထက်ပိုမိုတိုးတက် ကောင်းမွန်လာပြီး မိမိအနေဖြင့် ဆက်လက်ထိန်းသိမ်း ဆောင်ရွက်၍ ပိုမိုတိုးတက်အောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တပ်မတော်နှစ်ရပ်အကြား အဆင့်အလိုက်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ခဲ့သဖြင့် နှစ်နိုင်ငံ၏ချစ်ကြည်ရေး သည် ပိုမိုတိုးတက်ကောင်းမွန်လာပြီး ယခုအခါနှစ်နိုင်ငံ နယ်နိမိတ်ပြဿနာများကိုလည်း ကောင်းမွန်စွာ ဖြေရှင်း ဆောင်ရွက်လာနိုင်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိတို့နိုင်ငံသည် ၂၀၁၁ တွင် ပါတီစုံဒီမိုကရေစီ စနစ်ကိုကျင့်သုံးခဲ့ပြီး ထိုင်းနိုင်ငံအနေဖြင့် ဘုရင်၏ဦးဆောင်မှုဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပေါ်တွင်လျှောက်လှမ်း ခဲ့သည်မှာ ကြာမြင့်ပြီဖြစ်ကြောင်း၊ယခင်ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ထိုင်းနိုင်ငံ၏ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းစဉ် တွေ့ကြုံခဲ့ရမှုများကို မိမိအားအကြံပြုပြောကြား ခဲ့သဖြင့် အသုံးချဆောင်ရွက်ခဲ့ရာ အောင်မြင်မှုများရရှိခဲ့ပါကြောင်း၊ နှစ်နိုင်ငံတပ်မတော်သားများ အဆင့်လိုက် ပိုမိုချစ်ကြည်ရင်းနှီးမှု ရှိစေရန်အတွက် ထိုင်းနိုင်ငံသို့သင်တန်းသားများ စေလွှတ်လျက်ရှိကြောင်း၊ ယခုအဆွေတော်၏ မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် ချစ်ကြည်ရေးခရီးစဉ်တွင် နှစ်နိုင်ငံယဉ်ကျေးမှုနှင့် ဘာသာရေးကို အခြေခံသည့်ပူးပေါင်းဆောင်ရွက်မှုကို စတင်ဆောင်ရွက်နိုင်ခဲ့ပြီး သမိုင်းမှတ်တိုင်သစ် တစ်ခုစိုက်ထူ နိုင်ခဲ့ကြောင်း၊ ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုမှ တစ်ဆင့်နှစ်နိုင်ငံနှင့်နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် အကြားချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးတက်ခိုင်မာစေပါကြောင်း ပြောကြားသည်။

ယင်းနောက် နှစ်နိုင်ငံတပ်မတော်နှစ်ရပ် အကြားချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက် ခိုင်မာရေးဆိုင်ရာ ကိစ္စရပ်များ၊ သင်တန်းသားများ စေလွှတ်ရေးနှင့် နှစ်နိုင်ငံတပ်မတော် ယဉ်ကျေးမှုအဖွဲ့နှင့် အားကစားအဖွဲ့များ အပြန်အလှန် စေလွှတ်ရေး၊ စစ်သင်္ဘောများ အပြန်အလှန်လည်ပတ်ရေး၊ တပ်မတော်နှစ်ရပ်အကြား အဆင့်အလိုက် အပြန်အလှန် ပူပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ ထာဝရငြိမ်းချမ်းရေးရရှိ အောင်ဆောင်ရွက် နေမှုအခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေး ခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ သည် အမှတ်တရလက်ဆောင် ပစ္စည်းများအပြန်အလှန် ပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့် အတူ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger