www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 13, 2018

စစ်တွေမြို့ရှိ ပွိုင့်အပန်းဖြေစခန်းသို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ လာရောက်အပန်းဖြေ သူများပြား



စစ်တွေ ၁၃-၂-၂ဝ၁၈

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ပွိုင့်အပန်းဖြေ စခန်းသို့ ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များ လာရောက်မှု များပြားကြောင်း ပြည်တွင်းရှိ ခရီးသွားဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

ပြည်တွင်းရှိ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများသည် ပွိုင့်အပန်းဖြေစခန်းသို့ ယခင်ကထက် ပိုမိုပို့ဆောင်ပေးခြင်း၊ ရာသီဥတုသာယာခြင်းနှင့် ကမ်းခြေသို့ ကြည့်ရှုအပန်းဖြေ လိုသူများလာခြင်းကြောင့် လာရောက်အပန်းဖြေ သူဦးရေ မြင့်တက် နေရခြင်းဖြစ်သည်။ ပြည်ပခရီးသွား ဧည့်သည်များအနေဖြင့် အာရှတိုက်ရှိနိုင်ငံများမှ ခရီးသွားဧည့်သည်များနှင့် အမေရိကန်နိုင်ငံမှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ် ကြကြောင်း သိရသည်။

''ဒီနှစ် နှစ်ဆန်းပိုင်းမှာ ပွိုင့်အပန်းဖြေ စခန်းကို အပတ်စဉ်တိုင်းလိုလို ခရီးသွားပြည်သူတွေ လာရောက်လည်ပတ်တဲ့ နှုန်းကမြင့်တက်လာပြီး ယခင်နှစ်ထက်စာရင် အရေအတွက်က ထက်ဝက်ခန့် မြင့်တက်လာပါတယ်။ လက်ရှိ အပန်းဖြေစခန်းကို ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် ထောင်နဲ့ချီပြီး လာရောက်အပန်းဖြေ ကြပါတယ်။ ပွိုင့် အပန်းဖြေစခန်းရဲ့ သာယာလှပပုံကို ပြည်တွင်းပြည်ပက ခရီးသွားတွေက စိတ်ဝင်စားကြပြီး တစ်ဆင့်စကား တစ်ဆင့် ကြားလို့ လာကြတာလည်း ရှိပါတယ်။ တချို့အင်တာနက်မှာတွေ့လို့ လာလည်ကြတာပါ။ အခုနှစ်ခရီးသွားရာသီ မကုန်မီ လာရောက်လည်ပတ်မှု နှုန်းက ဆက်လက်မြင့်တက် နေဦးမှာပါ'' ဟု တာမွေမြို့နယ်ရှိ Beautiful
Trip ကုမ္ပဏီပိုင်ရှင် ဦးသိန်းစိုးက ပြောသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger