www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 1, 2018

၂ဝ၁၇ ခုနှစ်အတွင်း တစ်နိုင်ငံလုံးတွင် တရားမဝင်သစ် တန်ချိန်ပေါင်း ၁၅၄၆ ဒသမ ၈ဝ၈၄ တန် ဖမ်းဆီးရမိခဲ့



နေပြည်တော် ၁-၂-၂​ဝ၁၈

၂ဝ၁၇ ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တရားမဝင်သစ် တန်ချိန်ပေါင်း ၁၅၄၆ ဒသမ ၈ဝ၈၄ တန် ဖမ်းဆီးရမိခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

သစ်တောဦးစီးဌာန၏ ပြည်သူ ပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System) ဖြင့် ၂ဝ၁၇ ခုနှစ် စက်တင်ဘာလမှ ဒီဇင်ဘာလကုန်ထိ မြန်မာ တစ်ပြည်လုံးတွင် တရားမဝင်သစ် တန်ချိန်ပေါင်း ၁၅၄၆ ဒသမ ၈ဝ၈၄ တန်ဖမ်းဆီးရမိခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်တွင် တနင်္သာရီတိုင်း ဒေသကြီးအတွင်း ဖမ်းဆီးရမိမှုမှာ တန်ချိန် ၅၅၁ ဒသမ ၅၂၇၈ တန်ဖြင့် အများဆုံးဖြစ်ကြောင်း သိရသည်။

ထိုသို့ဖမ်းဆီးရမိမှုတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တနင်္သာရီတိုင်း ဒေသကြီးတွင် တရားမဝင်သစ် ၅၅၁ ဒသမ ၅၂၇၈ တန်၊ မကွေးတိုင်းဒေသကြီးတွင် တရားမဝင်သစ် ၂၂၂ ဒသမ ၂၄၆၇ တန်၊ ရန်ကုန်တိုင်း ဒေသကြီးတွင်၂ဝ၇ ဒသမ ၅၅၈၇ တန်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၆၄ ဒသမ ၉၅၅၅ တန်၊ ပဲခူးတိုင်းဒေသကြီးတွင် ၁၅ဝ ဒသမ ၃၁၃၈ တန်၊ ရခိုင်ပြည်နယ်တွင် ၅ဝ ဒသမ ၅၇၇၆ တန်၊ မန္တလေးတိုင်းဒေသကြီးတွင် ၄ဝ ဒသမ ဝ၉၅၄ တန်၊ ချင်းပြည်နယ်တွင် ၂၉ဒသမ ၉၄၉ဝတန်၊ ကချင်ပြည်နယ်တွင် ၂၈ ဒသမ ၁၂၅၆ တန်၊ ဧရာဝတီတိုင်း ဒေသကြီးတွင် ၂၅ ဒသမ ၉၅၅၂ တန်၊မွန်ပြည်နယ်တွင် ၂၃ ဒသမ ၈၃၆၆တန်၊ နေပြည်တော်ကောင်စီနယ်မြေတွင် ၁၈ဒသမ၁၉၂၈တန်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် ၁၄ဒသမ ၈၉၈၆တန်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ၁၃ဒသမ၇၃၉ဝတန်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်၃ ဒသမ ၃၄၂၈ တန်နှင့် ကယားပြည်နယ်တွင် ၁ဒသမ၄၉၄ဝ တန်တို့ဖြစ်သည်။

အဆိုပါ ဖမ်းဆီးရမိမှုတွင် ကျွန်းသစ်တန်ချိန် ၁၅၇ ဒသမ ဝ၆၉၅တန်နှင့် သစ်မာ ၄၅၁ဒသမ ၉၉၃၈ တန်ဖြစ်ပြီး ပြစ်မှုကျူးလွန်သူပေါင်း ၂၂၄ ဦး၊ စက်ယန္တရားနှင့်ယာဉ် ၇၄ စီး၊ ချိန်းဆော၂၃ လက်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီး ဌာနမှသိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger