www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 27, 2018

သာစည်မြို့နယ်တွင် သတင်းအရသွားရောက် စစ်ဆေးရာ စိတ်ကြွဆေးပြား ၁၇ဝဝဝ ဖမ်းဆီးရမိ



သာစည် ၂၇-၂-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် မယ်ဇလီကန် ကျေးရွာအနီးတွင် သတင်းအရ သွားရောက် စစ်ဆေးရာမှ စိတ်ကြွဆေးပြား ၁၇ဝဝဝ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သာစည်မြို့မ ရဲတပ်ဖွဲ့စခန်းမှ နယ်ထိန်းအဖွဲ့ ခေါင်းဆောင် ဒုတိယရဲအုပ် ဖြိုးကျော်ခိုင်သည် ဖေဖော်ဝါရီ ၂၅ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၃ဝ က တပ်ဖွဲ့ဝင်ရဲမေတပ်သား သိမ့်သိမ့်အေး၊ တပ်သားအိအိဝင်း တို့နှင့်အတူ မူးယစ်ဆေးဝါး ရောင်းချရန် သယ်ဆောင်လာသူများ မယ်ဇလီကန်ကျေးရွာ ရွာအဝင်ဇရပ်ပေါ်တွင် ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်ခဲ့ရာ ဇရပ်ပေါ်တွင် ရမည်းသင်းမြို့မှ သာစည်မြို့သို့ ဈေးဝယ်ရန် ကန်ဘို အမျိုးအစား ၁၁ဝ အနက်ရောင်ဆိုင်ကယ် ယာဉ်အမှတ် ၅၇ ယ/----- ဖြင့် ရောက်ရှိနေသည့် သန်းထိုက်နှင့် မခင်နှင်းဆီတို့ကို တွေ့ရှိ၍ သက်သေများနှင့်အတူ ရှာဖွေစစ်ဆေး ခဲ့ကြသည်။

ထိုသို့ရှာဖွေ စစ်ဆေးရာ မခင်နှင်းဆီ ကိုင်ဆောင်ထားသော ပလတ်စတစ်ခြင်း တောင်းထဲရှိ ချည်လွယ် အိတ်အတွင်းမှ စိတ်ကြွဆေးပြားဟုယူဆရသော အပြာရောင်ပလတ် စတစ်ကပ်ခွာအိတ်နှင့် ထည့်ထားသည့် 88/1 စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၂ဝဝစီပါ ၁ဝထုပ်စည်း ရှစ်ထုပ် စုစုပေါင်းဆေးပြား ၁၆ဝဝဝ၊၂ဝဝပြားစီပါ ငါးထုပ်စည်းတစ်ထုပ် စုစုပေါင်းဆေးပြား ၁ဝဝဝ စုစုပေါင်း ပန်းရောင်စိတ်ကြွ ဆေးပြား ၁၇ဝဝဝ အလေးချိန် ၁ ဒသမ ၇ ကီလိုဂရမ်ခန့် ကာလတန်ဖိုး ဆေးပြားတစ်ပြားလျှင် ငွေကျပ် ၃ဝဝဝ နှုန်းဖြင့် တန်ဖိုးငွေကျပ် သိန်း ၅၁ဝ ကို တွေ့ရှိခဲ့သဖြင့် ရှာဖွေပုံစံဖြင့် စနစ်တကျ ရေးသွင်းခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သန်းထိုက်၊ခင်နှင်းဆီတို့ကို သာစည်မြို့မရဲစခန်းက မယ(ပ) ၁/၂ဝ၁၈၊ မူး/စိတ်ပုဒ်မ-၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger