ရန်ကုန် ၁၁-၁-၂ဝ၁၈
Yangon Water Bus သန်လျင်လမ်းကြောင်း ပြေးဆွဲနိုင်ရန် ရေကြောင်းလေ့လာမှုများ စတင်လုပ်ဆောင် နေပြီဖြစ်ကြောင်း တင့်တင့်မြန်မာကုမ္ပဏီ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
Yangon Water Bus ၏ တတိယ လမ်းကြောင်းဖြစ်သည့် သန်လျင်လမ်းကြောင်း ပြေးဆွဲနိုင်ရန် ရေကြောင်း အနေအထားနှင့် ဆိပ်ကမ်းတည်ဆောက်မည့် နေရာများကို လေ့လာနေခြင်း ဖြစ်သည်။
ထို့ပြင် ရေလမ်းကြောင်း အသစ်များ ချဲ့ထွင်နိုင် ရန် ဒီရေအတက်အကျကို စောင့်ကြည့်လေ့လာလျက်ရှိပြီး ရေကြောင်းလုံခြုံမှု ရှိစေရန် ဦးတည်ဆောင်ရွက်နေကြောင်း သိရသည်။
ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေး လမ်းကြောင်း တစ်ခုဖြစ်သည့် Yangon Water Bus အနေဖြင့် ငမိုးရိပ်ချောင်းမှတစ်ဆင့် ညောင်တန်း - ဒဂုံ (မြောက်ပိုင်း) ခရီးစဉ်ပြေးဆွဲရန် ရှိပြီး ရေကြောင်းလေ့လာမှုများ
ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#Themyawadydaily
No comments:
Post a Comment