www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 11, 2018

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ နွေသီးနှံစိုက်ဧက ၁၂၁၃၆ ဧကကို လာမည့်မတ်လ အတွင်းရေတင်စခန်း ၃၁ ခုမှ ရေဖြန့်ဝေ ပေးသွားမည်



မန္တလေး ၁၁-၁-၂ဝ၁၈

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ တောင်သူများ၏ နွေသီးနှံလျာထား စိုက်ဧက ၁၂၁၃၆ ဧကကို စိုက်ပျိုးရေများပြည့်ဝစွာ သုံးစွဲနိုင်ရန်အတွက် ရေတင်စခန်း ၃၁ခုမှ ၂ဝ၁၈ခုနှစ် မတ်လ၁၅ ရက်တွင် ရေများဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာန (ရေအရင်းအမြစ်) မှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

အဆိုပါ နွေသီးနှံလျာထား ဧကများတွင် တောင်သူများစိုက်ပျိုး နိုင်ရန်အတွက် ခရိုင်၊ မြို့နယ်အလိုက် ရေတင်စခန်းများမှ ရေများပြည့်ဝစွာ သုံးစွဲနိုင်ရန် ပေးဝေသွားမည် ဖြစ်ကြောင်း၊ တောင်သူများအတွက် စိုက်ပျိုးရေများကို ပုသိမ်ကြီးမြို့နယ်ရှိ ရေတင်စခန်း လေးခု၊အမရပူရမြို့နယ်ရှိ ရေတင်စခန်းလေးခု၊ စဥ့်ကိုင်မြို့နယ်ရှိ ရေတင်စခန်း ရှစ်ခု၊ မြစ်သားမြို့နယ်ရှိ ရေတင်စခန်း တစ်ခု၊ တံတားဦးမြို့နယ်ရှိ ရေတင်စခန်း တစ်ခု၊ ငါန်းဇွန်မြို့နယ်ရှိ ရေတင်စခန်းသုံးခု၊ မြင်းခြံမြို့နယ်ရှိ ရေတင်စခန်း လေးခု၊ တောင်သာမြို့နယ်ရှိ ရေတင်စခန်းတစ်ခု၊ ညောင်ဦးမြို့နယ်ရှိ ရေတင်စခန်း ငါးခု စုစုပေါင်း ရေတင်စခန်း ၃၁ ခုတို့မှရေများ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေတင်စခန်းများမှ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် စပါးစိုက်ဧက ၁၁၇၅၈ဧက၊ အခြားသီးနှံများ စိုက်ဧက ၇၈၂ဝ စုစုပေါင်း စိုက်ပျိုးခဲ့သောဧကမှာ ၁၉၅၇၈ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခုဘဏ္ဍာနှစ်တွင်လည်း မိုးစပါးစိုက်ဧက ၁၁၈၅၈ ဧက၊ အခြားသီးနှံများ စိုက်ဧက ၇၇၄၂ဧက စုစုပေါင်း မိုးသီးနှံစိုက်ဧက ၁၉၆ဝဝကို စိုက်ပျိုးရေများ ပေးဝေနိုင်ခဲ့ပြီး လာမည့် နွေသီးနှံစိုက်ဧက များအတွက် နွေစပါးစိုက်ဧက ၃၅၆၅ ဧက၊ အခြားသီးနှံများစိုက်ဧက ၈၅၇၁ဧက စုစုပေါင်း နွေသီးနှံစိုက်ဧက ၁၂၁၃၆ ဧကတို့ကို တောင်သူများစိုက်ပျိုး နိုင်ရေးအတွက် ရေတင်စခန်း ၃၁ခုမှ ရေများပေးဝေသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger