www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 12, 2018

ကားကြီးကွင်းများ လုံခြုံရေးစနစ် အဆင့်မြှင့်တင်နိုင်ရေး အဝင်၊ အထွက်ဂိတ်များတွင် CCTV စနစ် တပ်ဆင် အသုံးပြုသွားမည်



မန္တလေး ၁၂-၁-၂ဝ၁၈

မန္တလေးမြို့ရှိ ကားကြီးကွင်းများ လုံခြုံရေးစနစ် အဆင့်မြှင့်တင်နိုင်ရေး အဝင်၊ အထွက်ဂိတ်များတွင် မောင်းတံစနစ်အပြင် ဒစ်ဂျစ်တယ် CCTV စနစ်ကို ယခုဘဏ္ဍာနှစ်အတွင်း တပ်ဆင်အသုံးပြုသွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီဝင် ဦးကျော်ဇောအောင်က ပြောပြသည်။

မန္တလေးမြို့တွင် ခိုး၊ ဆိုး၊လုယက်မှု အများဆုံးဖြစ်ပွားသည့် နေရာများ၌ ကားကြီးကွင်းများသည်လည်း အဓိကနေရာများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး အဆိုပါ ကားကြီးကွင်းများအတွင်း ဒုစရိုက်မှုများ လျော့ကျနိုင်ရေး အတွက် ယခုလက်ရှိ ကားကြီးကွင်းများအတွင်းသို့ ဝင်ကြေးကောက်ခံ နေသည့်အဝင်၊ အထွက်ဂိတ်များတွင် မောင်းတံစနစ်ထားရှိပြီး CCTV မှလည်း တိုက်ရိုက်မှတ်တမ်း တင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိ ကားကြီးကွင်းများအတွင်း အဝင်၊ အထွက်ပြုလုပ်သည့် ကားများ၊ ဆိုင်ကယ်များအနေဖြင့် ဝင်ကြေးပေးပြီးမှသာ ဖြတ်သန်းသွားလာ နေကြသော်လည်း အမှုအခင်း တစ်စုံတစ်ရာ ဖြစ်ပေါ်ပါက မှတ်တမ်းတင်ထားသည့် အချက်အလက်မရှိခြင်းကြောင့် ယခုဘဏ္ဍာနှစ်အတွင်း ချမ်းမြရွှေပြည်ကားကြီးကွင်း၊ ပြည်ကြီးမျက်ရှင်ကားကြီးကွင်း၊ သီရိမန္တလာကားကြီးကွင်း၊ ဒေါနဘွားကားကြီးကွင်း စသည့်ကားကြီးကွင်းများတွင် လြုံခုံရေးစနစ် အဆင့်မြှင့်တင် သည့်အနေဖြင့်အဝင်၊ အထွက်ဂိတ်များကို မောင်းတံစနစ်တပ်ဆင်ကာ ဒစ်ဂျစ်တယ်စနစ်အပါအဝင် CCTV များပါ အပြီးတပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

"အခုကားကြီးကွင်းတွေကို ဒုစရိုက်မှုတွေ လျော့နည်းပပျောက် စေဖို့အတွက် အဓိကမောင်းတံစနစ်ကို ဒီနှစ်ထဲမှာ စပြီးအသုံးပြုသွားမယ်။ ကားတွေလဲ စနစ်တကျ စည်းကမ်းရှိရှိနဲ့ ဝင်ထွက်လို့ရတာပေါ့။ ပြီးတော့အရင်က ကားကွင်းကို သုံးခေါက်ဝင်ရင် ဝင်ကြေး သုံးခါပေးရတယ်။ အခုလုပ်မယ့်စနစ်က တစ်နေ့တည်းကို သုံးခေါက်ဝင်လဲ ဝင်ကြေးတစ်ခါပဲပေးရတယ်။ အမှုအခင်းတွေဖြစ်ရင်လဲ မှတ်တမ်းတင် ထားတဲ့ဖိုင်ကနေ အမြန်ဆုံး ဖော်ထုတ် အရေးယူနိုင်တော့မှာ ဖြစ်ပါတယ်"ဟု ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger