www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 12, 2018

လာမည့်နွေကာလ ဓာတ်အားလိုအပ်ချက် အတွက် GAS တာဘိုင် အသစ်သုံးလုံးနှင့် ရေအားလျှပ်စစ်တို့မှ ဓာတ်အားလုံလောက်စွာ ဖြည့်ဆည်းပေးသွားမည်



နေပြည်တော် ၁၂-၁-၂ဝ၁၈

လာမည့်နွေကာလတွင် လိုအပ်ချက်ဖြစ်ပေါ်မည့် ဓာတ်အားများအတွက် ဖြည့်ဆည်းပေးနိုင်ရန် GAS တာဘိုင်အသစ် သုံးလုံးနှင့် မဂ္ဂါဝပ်အများဆုံး ထုတ်ပေးနိုင်သည့် ရေအားလျှပ်စစ်များဖြစ်သည့် ရဲရွာရေအားလျှပ်စစ်နှင့်လောပိတ (မိုးဗြဲဆည်) ရေအားလျှပ်စစ်တို့မှ ဓာတ်အားများ ဖြည့်ဆည်းပေးသွားမည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ထုတ်လွှတ်ရေးလုပ်ငန်း ဒုတိယဦးဆောင် ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦး၏ ပြောပြချက်အရ သိရသည်။

နွေကာလတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် နှစ်စဉ်ဖြစ်ပေါ်လျက် ရှိရာလာမည့် နွေကာလတွင်ဖြစ်ပေါ်မည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်အတွက် လက်ရှိ GAS တာဘိုင်အသစ် သုံးခုနှင့် မဂ္ဂါဝပ်အများဆုံးထုတ် ပေးနိုင်သည့် ရေအားလျှပ်စစ်များဖြစ်သည့် ရဲရွာရေအားလျှပ်စစ်နှင့် လောပိတ (မိုးဗြဲဆည်) ရေအားလျှပ်စစ်တို့မှ ဓာတ်အားများဖြည့်ဆည်း ထုတ်လွှတ်ပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။

လက်ရှိတွင် အသစ်စမ်းသပ်မောင်းနှင် လျက်ရှိသော GAS တာဘိုင်အသစ်သုံးခု ဖြစ်သည့် မြင်းခြံ ၂၂၅ မဂ္ဂါဝပ်ဓာတ်အား ပေးစက်ရုံ၊ သာကေတ ၁ဝ၆မဂ္ဂါဝပ်ဓာတ်အား ပေးစက်ရုံ၊ သထုံဓာတ်အားပေးစက်ရုံတို့နှင့် လက်ရှိတွင် ဆည်ရေများစွာ စုဆောင်းသိုလှောင်ထားပြီး မဂ္ဂါဝပ်အများဆုံးထုတ် ပေးနိုင်သည့် ရဲရွာရေအားလျှပ်စစ်နှင့် လောပိတ (မိုးဗြဲဆည်) ရေအားလျှပ်စစ်တို့ကို ဓာတ်အားထုတ်လုပ်မှု ရပ်နားထားကာလာမည့် နွေကာလတွင် ဖြစ်ပေါ် လာမည့် ဓာတ်အားလိုအပ်ချက်နေရာ၌ ဓာတ်အား ဖြည့်ဆည်းပေးနိုင်ရန် နွေကာလတွင်သာ မောင်းနှင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

"ဒီနှစ်မှာ ထူးခြားတာက GAS တာဘိုင်အသစ် သုံးခုကလဲ စပြီးစမ်းသပ်မောင်းနှင်မှု တွေလုပ်နေပါပြီ။ ရဲရွာရေအားလျှပ်စစ်နဲ့ လောပိတ (မိုးဗြဲဆည်) ရေအားလျှပ်စစ်တို့ကို ဓာတ်အားထုတ်လုပ်မှု ရပ်နားထားပြီး
ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။ လာမယ့်နွေကာလ ရောက်မှမောင်းနှင်ပြီး ဓာတ်အား ထုတ်ပေးသွားမှာပါ။ ဒီနှစ်က မိုးကလဲကောင်းတော့ ဆည်ရဲ့ရေ Level အမြင့်ဆုံးရောက်ဖို့ တစ်ပေပဲ လိုပါတော့တယ်။ အရင်နှစ်တွေက ရေအားကို မိုးတွင်းမှာ တအားထုတ်သုံးပါတယ်။ အခု ဒီနှစ်မှာ ရေအားကို ဓာတ်အားလိုအပ်တဲ့ နွေကာလမှာပဲ ထုတ်ပေးသွားမှာပါ"ဟု ၎င်းက ဆက်လက်ပြောပြသည်။

နွေကာလတွင် မောင်းနှင်ကာ ဓာတ်အား ထုတ်လွှတ်ပေးမည့် ရဲရွာရေအားလျှပ်စစ်တွင် လက်ရှိရေသိုလှောင် ထားနိုင်မှုမှာ ၂၁၁၄၂ဝဝ ဧကပေနှင့် လောပိတ (မိုးဗြဲဆည်) တွင် ၆၈၇၁၂၁ဧကပေတို့ကို ကန်ရေပြည့် ရေသိုလှောင်နိုင်မှုရှိပြီး အခြားရေအားလျှပ်စစ် များတွင်လည်း ရေသိုလှောင်နိုင်မှုမှာ ယခင်နှစ်များထက် ရေ Level ပိုမိုများပြားစွာ စုဆောင်းသိုလှောင် ထားနိုင်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger