www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 22, 2018

မုံရွာမြို့တွင် တရားမဝင်ငါးမန်း ဂိမ်းစက်များနှင့် လောင်းကစား သူများဖမ်းမိ



မုံရွာ ၂၂-၁-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် မုံရွာတောင်ရပ်ကွက်တွင် တရားမဝင် ငါးမန်းဂိမ်းလောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပူးပေါင်းအဖွဲ့ဖြင့် ဖော်ထုတ်ဖမ်းဆီးမှုကြောင့် တရားမဝင်ဖွင့်လှစ်ထားသော ငါးမန်းဂိတ်စက်များနှင့် လောင်းကစားသူများကို ဇန်နဝါရီ ၂ဝရက် ညနေ၅ နာရီကဖမ်းဆီး ရမိခဲ့ကြောင်း မုံရွာမြို့မရဲစခန်းမှ သိရသည်။

တရားမဝင်ငါးမန်းဂိမ်း လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက်အရ လောင်းကစားဖမ်း ဝရမ်းအမှတ် (၁/၂ဝ၁၈)၊ မုံရွာခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ သတင်းတပ်ဖွဲ့နှင့် ဘုတလင်မြို့နယ်မှ တပ်ဖွဲ့ဝင် ၁၈ဦး၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များဖြင့် မုံရွာတောင်ရပ်ကွက် အောင်သပြေလမ်းရှိ အားတီ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ငါးမန်းဂိမ်းလောင်းကစား ပြုလုပ်သူမင်းသူရ (ဘ) ဦးမြင့်ဆွေ အောင်ချမ်းသာရပ်ကွက် မုံရွာမြို့ပါ အမျိုးသား ၁၂ဦးနှင့် အမျိုးသမီးသုံးဦးတို့နှင့် အတူငါးမန်းဂိမ်း ကစားရာတွင် အသုံးပြုသည့် တရားမဝင် လောင်းကစားဂိမ်းစက် ငါးလုံး၊အနီရောင်ငွေထည့်သော့ သုံးခု၊ စက်အောက်ဖုံးဖွင့်သည့် သော့တံတစ်ခု၊
လူအမည်များနှင့် ငွေစာရင်းရှင်းတမ်း ပြုလုပ်ထားသည့် စာအုပ်သုံးအုပ်၊ ပလတ်စတစ်ထိုင်ခုံ နှစ်လုံး၊လက်ကိုင်ဖုန်းမျိုးစုံ ဆင်းကတ်ပါ ၁၂ လုံး၊ ဆိုင်ကယ်မျိုးစုံ ခြောက်စီး၊ ကာဗွန်စာရွက်တစ်ရွက်၊ ငါးမန်းဂိမ်း စက်မှတ်တမ်း လယ်ဂျာစာအုပ် သုံးအုပ်၊ ဂဏန်းပေါင်းစက် တစ်လုံး၊အပြာရောင်မီး စက်တစ်လုံး၊လောင်းကြေးငွေကျပ် ၄၄၂၈ဝဝ ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တရားမဝင် ငါးမန်းဂိမ်းလောင်းကစားဖွင့်သူ အိမ်ရှင် အားတီနှင့်ငါးမန်းဂိမ်း လောင်းကစားပြုလုပ်သူ မင်းသူရပါအမျိုးသား၁၂ဦးနှင့် အမျိုးသမီးသုံးဦးတို့ကို မုံရွာမြို့မရဲစခန်းက (ပ)၇၁/၂ဝ၁၈၊ လောင်းကစားဥပဒေပုဒ်မ၁၃(က)/၁၄(က)ဖြင့် အမှုဖွင့်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger