www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 29, 2018

စစ်ကိုင်းစက်မှုဇုန် နီလာရပ်ကွက်ရှိ ဆန်းဘရားသားသံရည်ကျို စက်ရုံဝင်းအတွင်း စွန့်ပစ်ပစ္စည်းများ မီးလောင်ကျွမ်းမှုဖြစ်ပွား



စစ်ကိုင်း ၂၉-၁-၂ဝ၁၈

စစ်ကိုင်းမြို့ စစ်ကိုင်းစက်မှုဇုန် နီလာရပ်ကွက်ရှိ ဆန်းဘရားသား သံရည်ကျိုစက်ရုံ ဝင်းအတွင်း စွန့်ပစ်ပစ္စည်းများ မီးရှို့ရာမှ ယနေ့ နံနက် ၁၁ နာရီမိနစ် ၃ဝ ခန့်က မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

"သံရည်ကျိုစက်ရုံက အသုံးမလိုတဲ့ စွန့်ပစ်ပစ္စည်း တွေဆိုတော့ ဆုံးရှုံးမှုတန်ဖိုးတော့ မရှိပါဘူး။ ဒီမီးလောင်ကျွမ်းမှု ဖြစ်စဉ်ကို မြို့နယ်မီးဘေး လုံခြုံရေးကော်မတီကို ပြန်တင်ပြသွားမှာပါ"ဟု စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

မီးလောင်ကျွမ်းမှု ဖြစ်ပွားရာသို့ စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ယာဉ်နှစ်စီး၊ ရေသယ်ယာဉ်နှစ်စီး မီးသတ်တပ်ဖွဲ့ဝင်ဦးရေ ၂ဝ၊ မြတ်နိုးသူကုမ္ပဏီမှ မီးသတ်ယာဉ်တစ်စီး၊ ရပ်ကွက်သူ၊ ရပ်ကွက်သားများဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၁၂ နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

"သံရည်ကျိုစက်ရုံက စွန့်ပစ်ပစ္စည်းတွေကို မီးရှို့တာကနေ မီးမထိန်းနိုင်ဘဲ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာပါ။ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် တားဆီးရေးအတွက် စက်ရုံပိုင်ရှင်နဲ့ တာဝန်ခံကိုခေါ်ပြီး ပညာပေး သတိပေးမှု တွေလုပ်သွားမယ်"ဟု နီလာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရွှေအောင်က ပြောပြသည်။

စွန့်ပစ်ပစ္စည်းများ မီးရှို့ရာမှ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့သည့် သံရည်ကျိုစက်ရုံသည် ယခင်ကလည်း စွန့်ပစ်ပစ္စည်းများ မီးရှို့ဖျက်ဆီးလေ့ ရှိခဲ့သော်လည်း ယခုကဲ့သို့ မီးလောင်ကျွမ်းမှု မဖြစ်ခဲ့ကြောင်း၊ ယခုအခါသည် ပထမဆုံးအကြိမ်ဖြစ်ပြီး သတိထားမီးငြှိမ်းသတ် ခဲ့ရကြောင်း မီးလောင်ကျွမ်းမှုကို ဝိုင်းဝန်းကူညီ ငြှိမ်းသတ်ခဲ့သည့် နီလာဦးရပ်ကွက် ဒေသခံတစ်ဦးက ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger