www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 12, 2018

ရှေးဟောင်းစေတီတော်ကို ပြန်လည်ပြုပြင်မွမ်းမံရန် တူးဖော်ရာမှ ဆင်းတုတော်၊ ကြေးဟင်္သာရုပ်၊ ကြေးဖလားတို့ကို တူးဖော်တွေ့ရှိ



မိုးကောင်း ၁၂-၁-၂ဝ၁၈

ကချင်ပြည်နယ် မိုးကောင်းမြို့ရှိ မန်ရွက်ကျေးရွာအုပ်စု မြို့ဟောင်း ကျေးရွာတောင်ဘက်ရှိ ရှေးဟောင်း စေတီတော်ကို ပြန်လည်ပြုပြင် မွမ်းမံရန် ဇန်နဝါရီ ၁ဝ ရက်က ဆရာတော်နှင့် ဗုဒ္ဓဘာသာဝင်ပြည်သူများက တူးဖော်ရာမှ ကြေးဆင်းတုတော်၊ ကျောက်ဆင်းတုတော်များ၊ ကြေးဟသာင်္ ရုပ်များနှင့် ကြေးဖလားတို့ကို တူးဖော်တွေ့ရှိခဲ့ကြောင်း မန်ရွက်ကျေးရွာ ပရိယတ္တိဝိဟာရ ဘုန်းတော်ကြီးကျောင်းမှ ပဓာနနာယကဆရာတော် ဘဒ္ဒန္တသုဓမ္မထံမှ သိရသည်။

မိုးကောင်းမြို့ မန်ရွက်ကျေးရွာအုပ်စု မြို့ဟောင်းကျေးရွာ တောင်ဘက် နှစ်ဖာလုံခန့်အကွာအဝေးရှိ ရှေးဟောင်းစေတီတော် ကြီးတစ်ဆူကို မန်ရွက်ကျေးရွာ ပရိယတ္တိဝိဟာရ ဘုန်းတော်ကြီးကျောင်းမှ ပဓာနနာယကဆရာတော် ဘဒ္ဒန္တသုဓမ္မ ဦးဆောင်ကာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သောင်းနှင့် ကျေးရွာနေ ပြည်သူများက ပြန်လည်ပြုပြင် မွမ်းမံရန် တူးဖော်ရှင်းလင်းစဉ် ရှေးဟောင်းစေတီအတွင်းမှ ဥာဏ်တော် ခုနစ်လက်မခန့်ရှိ ကျောက်ဆင်း တုတော် နှစ်ဆူ၊ ဥာဏ်တော်ခြောက်လက်မ၊ ဥာဏ်တော် ငါးလက်မ၊ ဥာဏ်တော် လေးလက်မနှင့် ဥာဏ်တော် သုံးလက်မရှိ ကြေးဆင်းတုတော် တစ်ဆူစီနှင့် ကြေးဆင်းတုတော်၏ ဦးခေါင်းပိုင်းတစ်ခု၊ အမြင့် သုံးလက်မရှိ ကြေးဟင်္သာရုပ်သုံးရုပ်နှင့် ကြေးဖလားတစ်လုံးတို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ရှေးဟောင်းစေတီတော်မှ ပေါ်ထွက်လာသည့် ဆင်းတုတော်များနှင့် ကြေးဟင်္သာရုပ်၊ ကြေးဖလားတို့ကို ဗုဒ္ဓဘာသာဝင်ပြည်သူများ ကြည်ညိုသဒ္ဓါပွားများနိုင်ရန် ပရိယတ္တိ ဝိဟာရဘုန်းတော်ကြီးကျောင်း၌ အပူဇော်ခံ ထားရှိပြီး စေတီတော်ပြန်လည် ပြုပြင်ရာတွင် ဌာပနာထည့်သွင်း ပူဇော်သွားမည် ဖြစ်ကြောင်း မန်ရွက်ကျေးရွာ ပရိယတ္တိဝိဟာရ ဘုန်းတော်ကြီး ကျောင်းမှ ပဓာနနာယကဆရာတော် ဘဒ္ဒန္တသုဓမ္မထံမှ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger