ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဂျပန်မြေပြင်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့စစ်ဦးစီးချုပ် Gen.Koji YAMAZAKI အား ဂုဏ်ပြုညစာဖြင့်
တည်ခင်းဧည့်ခံစဉ်။
ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့ က အကပဒေသာများဖြင့် သီဆိုကပြဖျော်ဖြေစဉ်။
နေပြည်တော် ၁၁-၁-၂ဝ၁၈
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဂျပန်မြေပြင် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ် General Koji YAMAZAKI အား ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ Kempinski ဟိုတယ်၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ ဒုတိယဗိုလ်ချုပ်မှူးကြီးနှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့ တက်ရောက်ကြပြီး ဂျပန်မြေပြင်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့စစ်ဦးစီးချုပ်နှင့်အတူ ဂျပန်မြေပြင် ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့မှအရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံစစ်သံမှူး Col. Kei TAJIKA တို့တက်ရောက်ကြ သည်။
ဦးစွာဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များက ဂျပန်မြေပြင် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် တက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာကိုအတူတကွ သုံးဆောင် ကြသည်။
ညစာသုံးဆောင်နေစဉ်အတွင်း ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြ၀တီတေးဂီတအဖွဲ့က တေးသီချင်းများ၊ အကပဒေသာများဖြင့် သီဆိုကပြဖျော်ဖြေကြပြီး ညစာသုံးဆောင်အပြီးတွင် အမှတ်တရလက်ဆောင် ပစ္စည်းများအပြန်အလှန်ပေးအပ်ကြသည်။ ထို့နောက် သီဆိုကပြဖျော်ဖြေကြသော ဖျော်ဖြေရေး အဖွဲ့မှ စစ်သည်၊ စစ်သမီးများအား ဂုဏ်ပြုပန်းခြင်းများ အသီးသီးပေးအပ် ကြပြီး အမှတ်တရစုပေါင်း ဓာတ်ပုံ ရိုက်ခဲ့ကြ ကြောင်းသတင်းရရှိသည်။
#Themyawadydaily
No comments:
Post a Comment