ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဂျပန်မြေပြင်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ် Gen.Koji YAMAZAKI တို့ဂုဏ်ပြုတပ်ဖွဲ့ ၏ အလေးပြုခြင်းကိုခံယူစဉ်။
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဂျပန်မြေပြင်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ် Gen.Koji YAMAZAKI ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အားတွေ့ဆုံစဉ်။
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဂျပန်မြေပြင်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့စစ်ဦးစီးချုပ် Gen.Koji YAMAZAKI တို့အား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးတစ်ဦးက မြန်မာ့တပ်မတော်ဆိုင်ရာ ကိစ္စရပ်များကိုရှင်းလင်းတင်ပြစဉ်။
နေပြည်တော် ၁၁-၁-၂ဝ၁၈
ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ဂျပန်မြေပြင် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ် Gen. Koji YAMAZAKI အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန်ရှေ့၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။
ဦးစွာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် ဂျပန်မြေပြင်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့ကို လိုက်လံကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် အခမ်းအနားတက်ရောက် လာကြသည့် နှစ်နိုင်ငံတပ်မတော်များမှ အရာရှိကြီးများအား အပြန်အလှန် မိတ်ဆက် ပေးကြသည်။
အဆိုပါဂုဏ်ပြုကြိုဆိုပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး ဂျပန်မြေပြင်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ် Gen. Koji YAMAZAKI နှင့်အတူ ဂျပန်မြေပြင်ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့မှ အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံစစ်သံမှူး Col. Kei TAJIKA တို့ တက်ရောက်ကြသည်။
၎င်းနောက်ဂျပန်မြေပြင်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ် Gen. Koji YAMAZAKI က ဇေယျာသီရိဗိမာန် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးသည်။
ဆက်လက်ပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဂျပန်မြေပြင်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ် Gen. Koji YAMAZAKI ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ဂျပန် ဆက်ဆံရေးတိုးတက်ကောင်းမွန်မှုဆိုင်ရာ ကိစ္စရပ်များ၊ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေးဆိုင်ရာကိစ္စရပ်များ၊ သင်တန်းသားစေလွှတ်ရေးဆိုင်ရာကိစ္စရပ်များ၊ အားကစားဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် နှစ်စဉ် ကျင်းပပြုလုပ် လျက်ရှိသည့် Army to Army Staff Talks အစည်းအဝေးဆိုင်ရာ ကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ်များကြုံတွေ့ရချိန် ကူညီကယ်ဆယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဆေးဘက်သုတေသနလုပ်ငန်းနှင့်ပတ်သက်၍ နည်းပညာအချက်အလက် ဖလှယ်ရေးဆိုင်ရာကိစ္စရပ်များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေး လုပ်ငန်းစဉ် (Humanitarian Assistance and Disaster Relief- HADR) ဆိုင်ရာ ကိစ္စရပ်များ၊ အာရှ-ပစိဖိတ်ဒေသတွင်း တည်ငြိမ် အေးချမ်းရေး ဆိုင်ရာကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်ခဲ့မှုနှင့် ယခုအခါ နယ်မြေတည်ငြိမ်အေးချမ်းလာပြီဖြစ်သဖြင့် နိုင်ငံတော်အစိုးရနှင့်တပ်မတော်က ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား အပြန်အလှန်ချစ်ကြည် လေးစားမှု၊ တန်ဖိုးထားယုံကြည်မှုကို အခြေခံပြီး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဂျပန်မြေပြင်ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့ စစ်ဦးစီးချုပ် Gen. Koji YAMAZAKI တို့သည် အထိမ်းအမှတ် တံဆိပ်များ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ နေ့လယ်ပိုင်းတွင် ဂျပန်မြေပြင်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ် Gen. Koji YAMAZAKI ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့အား ဇေယျာသီရိဗိမာန် အစည်းအဝေးခန်းမ၌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးတစ်ဦးက မြန်မာ့တပ်မတော်ဆိုင်ရာကိစ္စရပ်များအား ရှင်းလင်း တင်ပြသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ဂျပန်မြေပြင်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ် Gen. Koji YAMAZAKI ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ရှိ တပ်မတော်ဆေးရုံကြီးသို့ ရောက်ရှိကြရာ အစည်းအဝေးခန်းမ၌ ခွဲစိတ်ကုသမှုပါရဂူ ဒုတိယဗိုလ်မှူးကြီး ၀င်းဇော်မြတ် က လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ကူညီကယ်ဆယ် ရေးလုပ်ငန်းစဉ်များ (HADR) နှင့်ပတ်သက်၍ ဆွေးနွေးရှင်းလင်း တင်ပြခဲ့ကြောင်း သတင်းရရှိသည်။
#Themyawadydaily
No comments:
Post a Comment