www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 17, 2018

ခါကာဘိုရာဇီဒေသ၌ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖော်ဆောင်ပြီးပါက ဒေသခံများ အလုပ်အကိုင် ပိုမိုရရှိနိုင်



မြစ်ကြီးနား ၁၇-၁-၂ဝ၁၈

ခါကာဘိုရာဇီဒေသ၌ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖော်ဆောင်ပြီးပါက ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံ) အစီအစဉ်
Landscape Coordinator ဒေါက်တာ နော်မေလေးသန့်ထံမှ သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ မြောက်ဖျား ခါကာဘိုရာဇီဒေသ၌ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖော်ဆောင်ရန် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံ) အစီအစဉ်မှ နည်းပညာအကူအညီနှင့် ငွေကြေးရန်ပုံငွေ ပံ့ပိုးပေးမည် ဖြစ်သည်။

''သဘာဝအခြေခံ ခရီးသွားလုပ်ငန်းကို အကောင်အထည်ဖော်ဖို့ သက်ဆိုင်ရာ ပြည်နယ်အစိုးရ တွေဆီက အကြံဥာဏ်တွေယူပြီး Management Plan ရေးဆွဲမယ်။ အကြမ်းကိုတော့ မေလလောက်တင် ဖို့ရှိပါတယ်။ အတည်ပြု ပြီးမှပဲ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းကို အကောင်အထည် ဖော်လို့ရမယ်။ အစိုးရရဲ့ခွင့်ပြုချက် တွေယူရဦးမှာမို့ အနည်းဆုံးတစ်နှစ်၊ နှစ်နှစ်တော့ကြာမယ်လို့ ခန့်မှန်းထားပါတယ်'' ဟု ဒေါက်တာနော်မေ လေးသန့်ကပြောသည်။

ခါကာဘိုရာဇီဒေသ၌ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖော်ဆောင်ပြီးပါက ဒေသခံများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်မည့်အပြင် နိုင်ငံတော်အတွက်လည်း နိုင်ငံခြားဝင်ငွေ ပိုမိုရရှိလာမည် ဖြစ်ကြောင်း သိရသည်။ 

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger