www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 17, 2018

ရန်ကုန်တိုင်း ဒေသကြီးအတွင်း နှစ်တန် နှစ်တန်နှင့် အထက် (က) ကုန်စည်လုပ်ငန်း လိုင်စင်ယူထားသည့် ကုန်တင်ယာဉ်များကို ထိန်းချုပ်ရေးစင်တာမှ ထိန်းချုပ်ရန်စီစဉ်



ရန်ကုန် ၁၇-၁-၂ဝ၁၈

ရန်ကုန်တိုင်း ဒေသကြီးအတွင်း နှစ်တန်၊ နှစ်တန်နှင့်အထက် (က) ကုန်စည်လုပ်ငန်း လိုင်စင်ယူထားသည့် ကုန်တင်ယာဉ်များကို ထိန်းချုပ်ရေးစင်တာမှ ထိန်းချုပ်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) (ကုန်တင်ယာဉ်ဌာန)မှ သိရသည်။

အဆိုပါထိန်းချုပ်မှုကို Control Centre မှ တစ်ဆင့် GPS စနစ်အသုံးပြု၍ ဆောင်ရွက်မည် ဖြစ်ပြီး အဓိကအားဖြင့် ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ဆောင်ရွက်ခြင်း ဖြစ်သည်။ ထို့ပြင် ယာဉ်သွားရာ လမ်းကြောင်းများအား စုံစမ်း၍ လိုအပ်သည့် အချိန်များတွင် ပြန်လည်စိစစ် နိုင်မည်ဖြစ်ပြီး ယင်းစနစ်ကို YRTA (ကုန်တင်ယာဉ်ဌာန)မှ ဆောင်ရွက်နိုင်မည် မဟုတ်သည့်အတွက် ပြည်တွင်းပြည်ပမှ လုပ်ငန်းလုပ်ကိုင်လိုသော ကုမ္ပဏီများကို ဖိတ်ခေါ် ထားရာ ယခုနှစ်ဇန်နဝါရီလအတွင်း တင်ပြထားသော အဆိုပြုလွှာများကို စိစစ်၍ ၂ဝ၁၈ ခုနှစ်အတွင်း အကောင်အထည် ဖော်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစနစ်ကို မြန်မာနိုင်ငံအတွင်း ပထမဆုံးဆောင်ရွက်ခြင်း ဖြစ်ပြီး ကုန်တင်ယာဉ်များ စည်းကမ်းရှိစွာ သွားလာနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။ အဆိုပါဝန်ဆောင်မှု လုပ်ငန်းများအတွက် ပြည်တွင်းပြည်ပ ကုမ္ပဏီလုပ်ငန်း ရှင်များနှင့် ပြည်တွင်းပြည်ပ ပေါင်းစပ်လုပ်ကိုင်သည့် ကုမ္ပဏီများကို ဖိတ်ခေါ်ထားကြောင်း သိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံမှ အကြီးဆုံး ကုမ္ပဏီဖြစ်သည့် CRCC ကုမ္ပဏီနှင့် မြန်မာနိုင်ငံမှ ရွှေယင်းကုမ္ပဏီတို့က Control Centre တည်ဆောက်လျက်ရှိပြီး သတ်မှတ်ကာလအတွင်း မပြီးစီးသေးသည့်အတွက် ဒဏ်ကြေးငွေပေး၍ ဆက်လက် တည်ဆောက်နေခြင်း ဖြစ်သည်။ မကြာမီကာလအတွင်း ရန်ကုန်မြို့၌ ယာဉ်စည်းကမ်း ဖောက်ဖျက် မောင်းနှင်မှုများနှင့် ယာဉ်ကြောပိတ်ဆို့မှု များအတွက် ဖြေရှင်းပေးနိုင်မည့် ဝန်ဆောင်မှုများ ကိုလည်း ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger