www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 18, 2018

ပြင်ဦးလွင် လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ညဈေးတန်းပြုလုပ်မည်ဆိုပါက မြို့နေပြည်သူလူထုများ စုပေါင်း၍ ဆန္ဒထုတ်ဖော်သွားမည်



ပြင်ဦးလွင် ၁၈-၁-၂ဝ၁၈

ပြင်ဦးလွင်မြို့၌ စည်ပင်သာယာ မြို့မဈေး(ခေါ်) ဈေးကြီးနှင့်သုမင်္ဂလာဈေး (ခေါ်)ဈေးလေးတို့တွင် ဈေးသိမ်းပြီးချိန်မှစတင်၍ ညဈေးတန်းအဖြစ် ဖွင့်လှစ်ရောင်းချခဲ့သည်မှာ နှစ်အတန်ကြာမြင့်ခဲ့ပြီး အဆိုပါ ညဈေးများကို ဖျက်သိမ်း၍ မြို့၏ကျက်သရေဆောင် လွတ်လပ်ရေး ကျောက်တိုင်ကွင်းရင်ပြင်၌ ညဈေးတန်း ဖွင့်လှစ်ရောင်းချမည်ဆိုပါက မြို့နေပြည်သူလူထုများ စုပေါင်း၍ ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။

"လွတ်လပ်ရေး ကျောက်တိုင်ကွင်းဆိုတာ နိုင်ငံတော်ကတရားဝင် သတ်မှတ်ထားတဲ့ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ အာဇာနည်နေ့၊ အမျိုးသားနေ့စတဲ့ နေ့ထူးနေ့မြတ်တွေ၊ အခမ်းအနားတွေကျင်းပပြု လုပ်တဲ့နေရာတစ်ခုပါ။ ဒီလွတ်လပ်ရေး ကျောက်တိုင်ကွင်းမှာ ညဈေးတန်းပြုလုပ်မယ်ဆိုရင် ပထမသတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး ကန့်ကွက်ပါမယ်။ ဒုတိယအနေနဲ့ မြို့နေပြည်သူလူထုရဲ့ သဘောထားတွေကို ဆန္ဒပြုကောက်ခံသွားပြီး တရားဝင် ကန့်ကွက်တိုင်ကြားမှုတွေ အဆင့်ဆင့်လုပ်ဆောင် သွားပါ့မယ်။ တတယိ အနေနဲ့ကတော့ လွတ်လပ်ရေး ကွင်းရင်ပြင်မှာ ဆန္ဒထုတ်ဖော်မှု တွေပြုလုပ်သွားမှာပါ"ဟု (၈၈) မျိုးဆက်သစ်ငြိမ်းချမ်းရေးအဖွဲ့မှ ကိုဒီပက ပြောပြသည်။

"ညဈေးတန်းပြောင်းရွှေ့ ဖွင့်လှစ်တာကို ကန့်ကွက်တာမဟုတ်ပါဘူး။ ဒါပေမဲ့ လွတ်လပ်ရေး ကျောက်တိုင်ကွင်းရင်ပြင်လို နေရာမျိုးမှာ တော့မလုပ်သင့်ပါဘူး။ တခြားသင့်တော်တဲ့ ဘယ်နေရာလုပ်လုပ် ထောက်ခံပေးပါ့မယ်။ ဥပမာပြောရရင်အမှတ် (၄) အထက နောက်ကျောလိုကျယ်ပြန့်တဲ့ နေရာမှာလုပ်သင့်တယ်။ အဲဒီနေရာက မြို့လယ်မှာရှိနေပေမယ့် ညအချိန်တွေမှာ မှောင်မည်းပြီး လူနေပြတ်လို့လုယက်မှုတွေ၊ မူးယစ်မှုတွေ၊ မကောင်းမှုဒုတိယစရိုက်လုပ်ငန်းတွေ မကြာခဏဖြစ်ပေါ်နေလို့ ဒီလိုနေရာမျိုးမှာသာ ညဈေးရောင်းဖွင့်မယ်ဆိုရင် မကောင်းမှုဒုစရိုက်တွေလဲ ပပျောက်သွားနိုင်တာမို့ ဒီနေရာမျိုးမှာပဲလုပ်သင့်ပါတယ်" ဟု ပြင်ဦးလွင်မြို့နယ် ဟိုတယ် လုပ်ငန်းရှင်များအသင်း၏ အတွင်းရေးမှူးဖြစ်သူ ဒေါ်ခင်ထွေးက ပြောပြသည်။

ပြင်ဦးလွင်ကျောက်တိုင်ကွင်း၌ ညဈေးတန်းဖွင့်မည်ဆိုပါက မြို့နေ လူထုမှကန့်ကွက်ခြင်း၊ နိုင်ငံတော်အဆင့်ထိတိုင်ကြားခြင်းနှင့် ဆန္ဒ ထုတ်ဖော်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger