www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 18, 2018

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား စီမံကိန်းများအတွက် ကမ္ဘာ့ဘဏ်မှ အမေရိကန် ဒေါ်လာသန်း ၄ဝဝ ပံ့ပိုးကူညီပေးမည်



ရန်ကုန် ၁၈-၁-၂ဝ၁၈

လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ရာတွင် လျှပ်စစ်ဓာတ်အား ဖွံ့ဖြိုးရေး ငါးနှစ် စီမံကိန်းချမှတ်၍ ဆောင်ရွက်နေသကဲ့သို့ မဟာဓာတ်အားလိုင်း မရရှိသည့် ကျေးလက်ဒေသများတွင် လျှပ်စစ်မီးအတွက် ဆိုလာနှင့် လေစွမ်းအင်များကို အသုံးပြုဆောင်ရွက် သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏လျှပ်စစ် ဓာတ်အားစီမံကိန်း လုပ်ငန်းများအတွက် ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၄ဝဝ ပံ့ပိုးကူညီပေးမည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား စီမံကိန်းများအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာသန်း ၄ဝဝကို ကမ္ဘာ့ဘဏ်က ပံ့ပိုးပေးမည်ဖြစ်ရာ အမေရိကန် ဒေါ်လာသန်း ၃၁ဝ ကို အကြီးစားမဟာဓာတ်အားလိုင်း စီမံကိန်းအတွက် သုံးစွဲ၍ကျန်ငွေ အမေရိကန်ဒေါ်လာသန်း ၉ဝကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ အသေးစား မဟာဓာတ်အားလိုင်း စီမံကိန်းအတွက် သုံးစွဲမည်ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်ဓာတ်အား လိုအပ်ချက် ပြဿနာကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အကြီးစားမဟာဓာတ်အား လိုင်းစီမံကိန်းများကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဆောင်ရွက်၍ အသေးစား မဟာဓာတ်အား လိုင်းစီမံကိန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger