www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 12, 2017

ကမ္ဘာ့ဆက်သွယ်ရေးနှင့် နည်းပညာကဏ္ဍများ ပြည်တွင်း၌ လိုက်လျောညီထွေမှု ဖြစ်စေရန် မီဒီယာအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ



ရန်ကုန် ၁၂-၁၂-၂၀၁၇

လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့ဆက်သွယ်ရေးနှင့် နည်းပညာကဏ္ဍကို မြန်မာနိုင်ငံမှ ပြည်သူများနှင့်မီဒီယာများ လိုက်လျောညီထွေ ဖြစ်စေရန်ရည်ရွယ်၍ Huawei Technologies (Myanmar) မှ Role of Media in bridging 

Digital Divide ခေါင်းစဉ်ဖြင့် မီဒီယာအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းမှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းရှိ Melia ဟိုတယ်၌ ကျင်းပသည်။

အဆိုပါဆွေးနွေးပွဲတွင် ဦးသောင်းစုငြိမ်း (Information Matrix ကုမ္ပဏီ)၊ ဦးထိပ်တင်အောင် (မြန်မာတိုင်းနေ့စဉ်သတင်းစာ)၊ ဦးထွန်းသူရသက် (Digital Economy Development Committee) တို့က လက်ရှိဖြစ်ပေါ် နေသော ဆက်သွယ်ရေးနှင့် နည်းပညာ ကဏ္ဍအကြောင်းနှင့် မြန်မာနိုင်ငံ၏ e-Government လက်ရှိအခြေနေ အပါအဝင် အနာဂတ်တွင် မြန်မာနိုင်ငံအနေဖြင့် ပြောင်းလဲလုပ်ကိုင်သင့်သော ဆက်သွယ်ရေးနှင့် နည်းပညာလုပ်ငန်းစဉ်များ အကြောင်းတို့ကို သုံးသပ်ဆွေးနွေးခဲ့ကြသည်။

''ဒီဆွေးနွေးပွဲမှာ နိုင်ငံအတွက် အကောင်အထည်ဖော်နေတဲ့ လုပ်ငန်းစဉ်တွေအကြောင်းနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ဆွေးနွေးပေးတာပါ။ ဒါကြောင့် ဆွေးနွေးပွဲ တက်ရောက်လာတဲ့သူတွေ အတွက်ရောနိုင်ငံအတွက်ပါ အကျိုးရှိစေနိုင်မှာဖြစ်ပါတယ်'' ဟု Digital Economy Development Committee ၏ အဖွဲ့ဝင် ဦးထွန်းသူရသက်က ပြောသည်။

ယင်းဆွေးနွေးပွဲကို နှစ်ရက်ကျင်းပခြင်း ဖြစ်ပြီး ဒုတိယအကြိမ်ဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၂ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger