www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 12, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ နီပေါနိုင်ငံရှိဧ၀ရက် တောင်ထိပ် အပါအ၀င် ဟိမ၀န္တာတောင်တန်းများနှင့် Birendra Peace Operation Training Center သို့သွားရောက် ကြည့်ရှုလေ့လာ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များ ဧဝရတ်တောင်ထိပ်နှင့် ဟိမဝန္တာတောင်တန်းများအား ကြည့်ရှုလေ့လာပြီး အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်စဉ်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် Birendra Peace Operation Training Center သင်တန်းကျောင်းလက်တွေ့ လေ့ကျင့်ကွင်းတွင် ငြိမ်းချမ်းရေးထိန်းသိမ်းမှုလေ့ကျင့်ခန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုလေ့လာစဉ်။


နေပြည်တော် ၁၂-၁၂-၂၀၁၇

နီပေါတပ်မတော် ကြည်းတပ်ဦးစီးချုပ် Gen. Ranjendra Chhetri ၏ ဖိတ်ကြားချက်အရ နီပေါဖက်ဒရယ်ဒီမို ကရက်တစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နီပေါနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံ အမတ်ကြီးဦးထွန်းနေလင်းနှင့်ဇနီး၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် သိန်းဇော်နှင့်ဇနီး၊ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် ဟိမ၀န္တာတောင်တန်းများအား နီပေါတပ်မတော်အထူးရဟတ်ယာဉ်များဖြင့် သွားရောက်ကြည့်ရှု လေ့လာကြသည်။

ဦးစွာတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ခတ္တမန္ဒူမြို့ရှိ Nepal Army Mid Air Base မှ ရဟတ်ယာဉ်များဖြင့် ထွက်ခွာကြပြီး ဟိမ၀န္တာတောင်တန်းများ အားရဟတ်ယာဉ်ပေါ်မှ နေ၍ကြည့်ရှု လေ့လာကြသည်။ ယင်းနောက် ဟိမ၀န္တာတောင်တန်းပေါ်ရှိ ကမ္ဘာ့အမြင့်ဆုံးဟိုတယ်အဖြစ် ဂင်းနစ်စာရင်း ၀င် Hotel Everest View သို့ ရောက်ရှိကြပြီး ဧ၀ရက်တောင်ထိပ်နှင့် ဟိမ၀န္တာတောင်တန်းများအား ကြည့်ရှုလေ့လာ ကြရာတာဝန်ရှိသူ များက ရှင်းလင်းပြသကြသည်။ ထို့နောက်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် Birendra Peace Operation Training Center သို့ရောက်ရှိကြရာ နီပေါကြည်းတပ်မတော်၊ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းရေးဌာန ဒုတိယညွှန်ကြား ရေးမှူး Col. Yog Raj Sharma နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက်အစည်းအဝေး ခန်းမတွင် Col. Yog Raj က သင်တန်းကျောင်းဖွင့်လှစ် သင်ကြားနေမှု အခြေအနေများ၊ ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့များတွင် နီပေါတပ်ဖွဲ့ဝင်များတာဝန် ထမ်းဆောင်နေမှု အခြေအနေများအား Powerpoint ဖြင့်ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သိရှိလိုသည်များအား မေးမြန်းဆွေးနွေးသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား သင်တန်းကျောင်း လက်တွေ့လေ့ကျင့်ကွင်းတွင် ငြိမ်းချမ်းရေးထိန်းသိမ်းမှု လေ့ကျင့်ခန်းများ ဆောင်ရွက်နေမှု အခြေအနေများအား လက်တွေ့သရုပ်ပြသ ခဲ့ကြသည်။ ယင်းနောက်တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် Col. Yog Raj တို့သည်အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger