www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 14, 2017

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နီပေါနိုင်ငံ ဆိုင်ရာမြန်မာနိုင်ငံသံရုံး မိသားစု များအား တွေ့ဆုံအမှာစကားပြောကြား


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နီပေါနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားစဉ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့အားနီပေါနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးထွန်းနေလင်းနှင့် ဇနီးတို့ကညစာဖြင့် တည်ခင်းဧည့်ခံစဉ်။

နေပြည်တော် ၁၄-၁၂-၂၀၁၇

နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နီပေါနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး မိသားစုများအား ဒီဇင်ဘာ ၁၂ ရက်ညပိုင်းတွင် ခတ္တမန္ဒူမြို့ရှိ နီပေါနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးဧည့်ခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။

ဦးစွာတပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှတပ်မတော် အရာရှိကြီးများ၊ နီပေါနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးထွန်းနေလင်းနှင့်ဇနီး၊ အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာ စစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် သိန်းဇော်နှင့်ဇနီး တို့လိုက်ပါပြီး နီပေါနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး သို့ရောက်ရှိကြရာ သံရုံးအမှုထမ်းများနှင့် နီပေါ-မြန်မာ ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများက ကြိုဆိုနှုတ် ဆက်ကြသည်။

ထို့နောက်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သံရုံးမိသားစုများအားတွေ့ဆုံ အမှာစကားပြောကြားရာတွင် ယခုကဲ့သို့မိမိချစ်ကြည်ရေး ခရီးစဉ်လာရောက်ခြင်းသည် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြားဆက်ဆံရေး မြှင့်တင်ရန်ဖြစ်ကြောင်း၊ နီပေါနိုင်ငံနှင့် မြန်မာနိုင်ငံသည် အခြေခံဆက်စပ်မှုများရှိပြီး နီပေါနိုင်ငံဖွား မြန်မာနိုင်ငံသားများ ရှိသကဲ့သို့ မြန်မာနိုင်ငံတွင် မွေးဖွားပြီး နီပေါနိုင်ငံတွင်နေထိုင် ကြသူများရှိကြောင်း၊ မြန်မာ နီပေါနှစ်နိုင်ငံ သမိုင်းကြောင်းအရ ယဉ်ကျေးမှု၊ ကိုးကွယ်မှုဘာသာများ နီးစပ်မှုရှိသဖြင့်ပိုမို ချစ်ကြည်ရင်းနှီးသည့် နှစ်နိုင်ငံဆက်ဆံရေး ရှိရန်လိုအပ်ကြောင်း၊ ယခုခရီးစဉ် အတွင်းနီပေါနိုင်ငံသမ္မတ၊ ၀န်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ကြည်းတပ် ဦးစီးချုပ်တို့နှင့် တွေ့ဆုံဆွေးနွေးစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုများနှင့် စီးပွားရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများမြှင့်တင် ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် အတွက်သံရုံးအမှုထမ်းများ ကလည်းမိမိတို့ တတ်နိုင်သည့်ဘက်မှ ဆောင်ရွက်ပေးရန် လိုကြောင်း၊ နီပေါနိုင်ငံ တွင်ရာသီဥတု ပြင်းထန်သည်ဟုသိရှိရသဖြင့် မိမိတို့တစ်ဦးချင်း၏ ကျန်းမာရေးကို ဂရုစိုက်ထိမ်းသိမ်းကြရန် လိုကြောင်း၊ မြန်မာနိုင်ငံဖွားနီပေါ နိုင်ငံသားများ နှင့်နီပေါ နိုင်ငံသားများ နှစ်နိုင်ငံအပြန်အလှန် သွားလာမှုများ အဆင်ပြေစေရန်အတွက်လည်း ကူညီဆောင်ရွက်ပေးစေ လိုကြောင်းမှာကြားသည်။

ယင်းနောက် မြန်မာနိုင်ငံတွင်ပြည်သူများမှ ရွေးချယ်သည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေမှု အခြေအနေများနှင့် ခိုင်မာမှုရှိစေရန် တပ်မတော်မှဆောင်ရွက် နေမှုအခြေအနေများ၊ တပ်မတော်အနေဖြင့် နိုင်ငံရေးနှင့်ပတ်သက်မှု မရှိကြောင်းနှင့်အမျိုးသား နိုင်ငံရေးကိုသာ ဆောင်ရွက်လျက်ရှိပြီး နိုင်ငံ့ဝန်ထမ်းများ အနေဖြင့်လည်း နိုင်ငံရေးကိစ္စရပ်များနှင့် ကင်းရှင်းရန်လိုအပ်မှု အခြေအနေများနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်နေမှုအခြေအနေ များအားရှင်းလင်း ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သံရုံးမိသားစုများအတွက် လက်ဆောင်ပစ္စည်းများနှင့် ချီးမြှင့်ငွေများပေးအပ်ရာ သံအမတ်ကြီးနှင့်ဇနီး၊ အိန္ဒိယနိုင်ငံ ဆိုင်ရာမြန်မာစစ်သံ (ကြည်း၊ရေ၊လေ)နှင့်ဇနီး၊ သံရုံး မိသားစုများက အသီးသီးလက်ခံ ရယူကြသည်။

ယင်းနောက်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့အား နီပေါနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးနှင့်ဇနီး တို့ကညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger