www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 19, 2017

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီသို့ တရုတ်နိုင်ငံအစိုးရက အမေရိကန်ဒေါ်လာ ငါးသိန်းပေးအပ်လှူဒါန်း



နေပြည်တော် ၁၉-၁၂-၂၀၁၇

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ်မစ္စတာ စွန်းဂေါ်ရှန်းက ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်အား ယမန်နေ့ မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ လာရောက် တွေ့ဆုံသည်။

တွေ့ဆုံစဉ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးပြီးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းရှစ်ဖွဲ့နှင့် အတူ ဆောင်ရွက်လျက်ရှိသည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အဆင့်ဆင့်၏ လက်ရှိဆောင်ရွက်လျက် ရှိသော အခြေအနေများနှင့် NCA လက်မှတ် မရေးထိုးရသေးသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ ပါဝင်လက်မှတ်ရေးထိုးရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်လက်အားပေး ထောက်ခံလျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအစိုးရက တရုတ်-မြန်မာချစ်ကြည်ရေးကို ရှေးရှုလျက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီအား ပံ့ပိုးကူညီမှု အဖြစ်အမေရိကန် ဒေါ်လာငါးသိန်းကို အာရှရေးရာ အထူးကိုယ်စားလှယ်က ပေးအပ်လှူဒါန်းရာ JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က လက်ခံပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger