www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 11, 2017

ကသာမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ



ဖမ်းဆီးရမိသူနှင့် တရားမဝင် သစ်များကို တွေ့ရစဉ်။

နေပြည်တော် ၁၁-၁၂-၂၀၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်း တရားမဝင်သစ်များ သယ်ဆောင်နေကြောင်း သတင်းအရ နယ်မြေခံ တပ်မတော်သားများနှင့် ကသာမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းတွင် ကသာမြို့နယ်၊ ရေဘုတ်ကျေးရွာအနီး ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ တရားမဝင် သစ်ဖောင်တစ်ခုတွင် ရွှေကူမြို့နယ်၊ ကျောက်တလုံးကျေးရွာနေ ဒေါ်သိန်းဌေး (ဘ) ဦးစံလှကို ၁၈ ပေခန့်ရှိ ကျွန်းသစ်လုံး ၁၅၇ လုံး (ခန့်မှန်းတန် ၈ ဒသမ ၅ တန်ခန့်)နှင့် သစ်ခွဲသားဆိုဒ်စုံ အချောင်း ၄ဝ (ခန့်မှန်း သုည ဒသမ၂ တန်) စုစုပေါင်း ခန့်မှန်း ၈ ဒသမ ၇ တန်ခန့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 

ဖမ်းဆီးရမိသူနှင့် တရားမဝင်သစ်များအား ကသာခရိုင်၊ သစ်တောဦးစီးဌာနနှင့် ကသာမြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger