www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 28, 2017

ဂုတ်တွင်းလမ်းပိုင်းတွင် ၂၂ ဘီးယာဉ်နှစ်စီး တိုက်မိရာမှ ဂုတ်တွင်းလမ်းပိုင်း နှစ်နာရီခန့် ပိတ်ဆို့မှုဖြစ်ပွား



ကျောက်မဲ ၂၈-၁၂-၂ဝ၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ် ဂုတ်တွင်းလမ်းပိုင်းတွင် ၂၂ဘီး ယာဉ်နှစ်စီးတိုက်မိရာမှ ဂုတ်တွင်းလမ်းပိုင်း နှစ်နာရီခန့် ပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံး (လားရှိုး)မှ သိရသည်။

ကျောက်မဲမြို့နယ် ဂုတ်တွင်းလမ်းပိုင်း ရေကန်တောင်အနီး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၈၆/၄) နှင့် (၈၆/၅) အနီးတွင် ဒီဇင်ဘာ ၂၆နံနက် ၈နာရီ ၄၅ မိနစ်က ကျောက်မဲဘက်မှ နောင်ချိုဘက်သို့ ယာဉ်မောင်း ဘုန်းသက်နိုင် (ဘ) ဦးလှအောင် အေးသုခလမ်းစက်မှု (၁)၊ မန္တလေးတိုင်းဒေသကြီး နေသူမောင်းနှင်လာသည့် 1H/---၂၂ဘီး အဖြူရောင် တွဲယာဉ်သည် အခင်းဖြစ်နေရာ လမ်းကွေ့အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ဝဲဘက်ခြမ်း သို့ ရောက်ရှိသွားပြီး နောင်ချိုဘက်မှ ကျောက်မဲဘက်သို့ ဆန်အိတ် ၆၇၅ အိတ်တင်ဆောင်၍ ယာဉ်မောင်းဦးလှိုင်မျိုးဦး(ဘ) ဦးအေး၊ အာရှလိုင်းကုမ္ပဏီ၊ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးနေသူ မောင်းနှင်လာသည့် 1E/---- ၂၂ဘီး အနီရောင်တွဲယာဉ်ကို မျက်နှာချင်းဆိုင် ဝင်ရောက် တိုက်မိခဲ့သည်။

ထိုသို့တိုက်မိမှုကြောင့် ဆန်အိတ် တင်ဆောင်လာသော ၂၂ဘီးကား၏ ခေါင်းနောက်ပိုင်း ဝဲဘက်ခြမ်းရှိ လေအိုးနှင့် ဘက်ထရီအိုးများ ပျက်စီးခဲ့ပြီး 1H/---- ၂၂ဘီးတွဲကားတွင် ရှေ့ခေါင်းပိုင်းပျက်စီး ကာလူများ ထိခိုက်မှုမရှိ ခဲ့ကြောင်း သိရသည်။

"ဂုတ်တွင်းလမ်းပိုင်းမှာ ကားတိုက်တော့လမ်းက ပိတ်ဆို့မှု ဖြစ်သွားခဲ့ပါတယ်။ ပြည်ထောင်စုလမ်း မကြီးလဲဖြစ်၊ ကုန်စည်စီးဆင်းရာ လမ်းကြောင်းလဲဖြစ်တော့ ကားတော်တော်များများ ပိတ်ဆို့သွားခဲ့ပါတယ်။ စပိတ်တာကတော့ နံနက် ၈ နာရီ ၄၅ မိနစ်မှာပိတ်ပါတယ်။ နံနက် ၁ဝ နာရီ ၂၅ မိနစ်မှာ တစ်ဖက်ပိတ် တစ်ဖက်ဖွင့်စနစ်နဲ့ ကားတွေကို လွှတ်ပေးတယ်။ ညနေ ၄ နာရီလောက်မှာတော့ လမ်းကြောင်းက ပုံမှန်အတိုင်း ပြန်ပွင့်သွားပါပြီ။ ဖြစ်စဉ် ဖြစ်တဲ့အတွင်းမှာ ဂုတ်တွင်း လမ်းပိုင်းတာဝန်ကျ ယာဉ်ထိန်းရဲတပ်ဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအားလုံးပေါင်းပြီး ရှင်းလင်းလိုက်ပါတယ်"ဟု ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ ရဲအရာရှိက ပြောပြခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းဘုန်းသက်နိုင်ကို နောင်ပိန်နယ်မြေရဲစခန်းက ယာဉ် (ပ)၄၆/၂ဝ၁၇၊ ရာဇသတ်ြကီး ပဒု မ် -၂၇၉ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger