www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 8, 2017

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်တွင် အမြန်ရထားနှင့် မော်တော်ယာဉ်တိုက်မှုဖြစ်ပွား လူတစ်ဦး ထိခိုက်ဒဏ်ရာရ



မကွေး ၈-၁၂-၂၀၁၇

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်၊ ကံဆွယ်ကျေးရွာအုပ်စု၊ ကံကြီး (တောင်) ကျေးရွာအနီးတွင် အမြန်ရထားနှင့် မော်တော်ယာဉ် တိုက်မှုဖြစ်ပွားခဲ့ရာ လူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြို့သစ်မြို့ဘူတာ ဒုတိယရုံပိုင် ဦးသန်းနိုင်က ပြောပြ၍ သိရသည်။

ယနေ့ မွန်းလွဲ၁နာရီ ၁၅ မိနစ်ခန့်က ဒန့်ဒလွန်ပင်ကျေးရွာမှ မြို့သစ်-တောင်တွင်း ကားလမ်းသို့ ဆက်သွယ်သည့် ရထားလမ်းဆုံပေါ်တွင် ဦးမောင်မောင်စိုး (ဘ) ဦးကာလူးစက် ခေါင်းမောင်းပျဉ်းမနားမြို့ နေသူမောင်းနှင်သော နေပြည်တော်ပခုက္ကူ (၁ဝ၇) အဆန် RBE- 2527 အမြန်ရထားသည် တောင်တွင်းကြီးမှမြို့သစ်မြို့ဘက်သို့ မောင်းနှင်လာစဉ် တောင်တွင်းကြီးမြို့၊ ရွှေအိုး (၁) ရပ်ကွက်နေထိုင်သူ ဦးစိန်ရွှေ (ဘ) ဦးအောင်မြင့် မောင်းနှင်သည့်ခဲရောင် SUZUKI SWIFT အမျိုးအစား ယာဉ်အမှတ်၊ 6M/--------- သည် ရထားလမ်းကို အရှေ့မှအနောက်သို့ ဖြတ်သွားစဉ် ရထားဖြင့်တိုက်မိခဲ့ရာ အဆိုပါ မော်တော်ယာဉ် ရှေ့ခေါင်းခန်းထဲတွင် လိုက်ပါလာသူ နေလင်းအောင် (ဘ) ဦးအောင်သန်းညွန့် ရွှေအိုး (၁) ရပ်ကွက် တောင်တွင်းကြီးမြို့ နေထိုင်သူမှာ ဝဲ၊ယာရင်ဘက်အောင့် ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ) ရရှိပြီးထိခိုက် ဒဏ်ရာရရှိသူကို တောင်တွင်း ကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိ ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မော်တော်ယာဉ်မဆင်မခြင် ပေါ့ဆစွာမောင်းနှင်ပြီး မီးရထားလမ်းကို ဖြတ်ကူးစဉ် ရထားတိုက်မိကာ ထိခိုက်ဒဏ်ရာ ရရှိစေခဲ့သူ ဦးစိန်ရွှေကို ဒန့်ဒလွင်ပင် နယ်မြေရဲစခန်းက ယနေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်က (ပ)၃၈/၂ဝ၁၇၊ မီးရထားလုပ်ငန်း ဥပဒေပုဒ်မ- ၈၅ အရ အရေးယူအမှုဖွင့် ထားရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger