www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 10, 2017

ရခိုင်ပြည်နယ် ရေရှည်တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များ ဆွေးနွေး


နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် နော်ဝေနိုင်ငံ သံအမတ်ကြီး H.E.Ms.ToneTinnes ကို လက်ခံတွေ့ဆုံစဉ်။

နေပြည်တော် ၁၀-၁၀-၂၀၁၇

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်ကို နော်ဝေနိုင်ငံသံအမတ်ကြီး H.E.Ms.Tone Tinnes သည် ယနေ့ညနေ ၄ နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်
တွေ့ဆုံသည်။

တွေ့ဆုံစဉ် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသများရှိ တိုင်းရင်းသား လူငယ်များ၏ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှုများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနက
ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ နိုင်ငံတော်အစိုးရက အကောင်အထည် ဖော်ဆောင်ရွက်နေသည့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို
နော်ဝေနိုင်ငံမှ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်မောင်တော ဒေသအကြမ်းဖက်မှု ဖြစ်စဉ်များ၊ မောင်တောဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာကိစ္စရပ်များ၊ ရခိုင်ပြည်နယ် အတွင်းဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ် များကြောင့် နေရပ်စွန့်ခွာ ပြောင်းရွှေ့ခဲ့ကြသည့် ဒေသတွင်းနေ နှစ်ဖက်လူမှု အသိုက်အဝန်းများ၏ လုံခြုံရေး၊ စားဝတ်နေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၊ ပြန်လည်နေရာ ချထားပေးနေမှု အခြေအနေများနှင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေး ကိစ္စရပ်များ၊ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့တို့၏ အကြံပြုတင်ပြချက်များနှင့် စပ်လျဉ်း၍ အကောင်အထည် ဖော်ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ အကြမ်းဖက်အဖွဲ့အစည်းများ ဖျက်ဆီးခဲ့သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများပြန်လည်ပြုပြင် တည်ဆောက်ရေး လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် နိုင်ငံတော်အစိုးရက ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ရာတွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးနှင့် ပြည်ပနိုင်ငံများ၊ ပြည်ပအဖွဲ့အစည်းများ ပါဝင်ပြီး ကူညီထောက်ပံ့မှုလုပ်ငန်း များဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်ရေရှည် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရေး ဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger