www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 10, 2017

တောင်ငူမြို့နယ် အမြန်လမ်းပိုင်းတွင် ယာဉ်တိမ်းမှောက်ရာ အမျိုးသမီးတစ်ဦးသေဆုံး



တောင်ငူ ၁၀-၁၀-၂၀၁၇

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ဇီးပင်သာအမြန်လမ်း ရဲစခန်းအပိုင် မိုင်တိုင် (၁၅၅/၇) နှင့် (၁၅၆/ဝ)ကြားတွင် ယနေ့နံနက် ၃ နာရီမိနစ်၃ဝက မန်းရွှေမြို့တော် EXPRESS ခရီးသည်တင်ယာဉ်သည် အရှိန်လွန်တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်လိုက်ပါလာသူ အမျိုးသမီးတစ်ဦး (အမည်၊နေရပ်၊အသက်စုံစမ်းဆဲ) သေဆုံးခဲ့ကြောင်း သိရသည်။

အမြန်လမ်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဇော်ထွန်းအောင် အနီးကပ်ကြီးကြပ်၍ ဇီးပင်သာ၊ ဗောဓိကုန်း၊ဖြူး၊သာဂရ အမြန်လမ်းရဲစခန်းတို့မှ စခန်းမှူးဦးစီးတပ်ဖွဲ့ဝင်များ၊ အမြန်လမ်းအရေးပေါ် ကျန်းမာရေး စောင့်ရှောက်ရေးအဖွဲ့၊မီးသတ်တပ်ဖွဲ့၊ တောင်ငူမြို့နယ်၊ ရေတာရှည်မြို့နယ်တို့မှ လူမှုရေးစောင့်ရှောက်ရေး အဖွဲ့များသည် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ဇီးပင်သာအမြန်လမ်း ရဲစခန်းအပိုင် မိုင်တိုင် (၁၅၅/၇) နှင့်(၁၅၆/ဝ) ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့သည်။

ထိုသို့စစ်ဆေးရာ ရန်ကုန်မှ နေပြည်တော်ဘက်သို့ ဝေလင်းသူ ရေနံသာကျေးရွာ ရွှေပြည်သာရပ် မတ္တရာမြို့ မန္တလေးတိုင်း ဒေသကြီးနေသူ မောင်းနှင်သည့် မန်းရွှေမြို့တော် EXPRESS ခရီးသည်တင်ယာဉ် 5M/-----သည် အချင်းဖြစ်နေရာအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်သို့ ဖြတ်တက်ကာ တစ်ဖက်ယာဉ်ကြော အရောက်တွင် တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းအပါအဝင် ၄၃ ဦးအနက်အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၁၅ဦး ဒဏ်ရာများရရှိခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူနှင့်ဒဏ်ရာ ရရှိသူများကို နေပြည်တော်၊ တောင်ငူ၊ ရေတာရှည်ဆေးရုံများသို့ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ဝေလင်းသူကို ဇီးပင်သာ အမြန်လမ်းရဲစခန်းက ယာဉ်(ပ) ၁၆/၂ဝ၁၇၊ရာဇသတ်ကြီး ပုဒ်မ-၃ဝ၄(က)/ ၃၃၇/ ၃၃၈ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger