www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 20, 2017

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မိတ္ထီလာကန်ရေပြည့်မှတ်ထက် တစ်ပေခန့်ကျော်လွန်



မိတ္ထီလာ ၂၀-၁၀-၂၀၁၇

မိတ္ထီလာမြို့၌ အောက်တိုဘာ ၁၈ ရက်ညပိုင်းက မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာကန်ရေ ပြည့်မှတ်ထက် တစ်ပေခန့် ကျော်လွန်နေပြီး ကန်ပတ်လမ်း ကန်ရေအနည်းငယ် ဝင်ရောက်ကာ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ရုံးနှင့် ပေါက်ချောင်း ဈေးပတ်လမ်းတို့တွင် ရေဝင်ရောက် နေကြောင်း သိရသည်။

မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ရုံးဝင်းအတွင်း၊ ပေါက်ချောင်းဈေး၏ တောင်ဘက်လမ်းနှင့် မြောက်ဘက်လမ်းတို့အပြင် မြန်မာ့ဆက်သွယ်ရေး ဧည့်ရိပ်သာအနီး တောင်ကန်ပတ်လမ်း၌ ကန်ရေအနည်းငယ် ကျော်တက်နေကြောင်း၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ရုံး၏ အနောက်ဘက်ကပ်လျက် မြန်မာ့စီးပွားရေး ဘဏ်လမ်းကြားတွင် မိုးရေဝင်ရောက် နေခြင်းကြောင့် ပေါက်ချောင်းရပ်ကွက် ဒေသခံများနှင့် ယင်းရပ်ကွက်ရှိ ဌာနများမှဝန်ထမ်းများ သွားလာရေး အခက်အခဲများဖြင့် တွေ့ကြုံနေရကြောင်း သိရသည်။

မိုးအဆက်မပြတ် ရွာသွန်းသည့် အချိန်တိုင်းတွင် အဆိုပါလမ်းနှင့် နေရာများမှာ မိုးရေဝင်ရောက်လေ့ရှိပြီး ယခုအခါ ကန်ရေပြည့်မှတ် ကျော်လွန်သည်အထိ မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် ကန်ရေ၊ မိုးရေဝင်ရောက်မှုမှာ ယခင်ထက်ပိုမို များပြားသည်။

မိတ္ထီလာကန် ရေပြည့်မှတ်ထက် တစ်ပေခန့် ကျော်လွန်နေခြင်းကြောင့် ကန်၏ရေလွှတ် တံခါးများဖြစ်သည့် ဝန်ဇင်းရပ်ကွက်အနီးရှိ ကန်နတ်စင်မြောင်း ရေလွှတ်တံခါး၊ ကန်တော်မင်ရပ်အနီးရှိ ရေကျော်ခုနစ် ပေါက်ရေလွှတ်တံခါးတို့၌ ရေလျှော့ချ လွှတ်ပေးနေရကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကန်ရေဝင်ရောက်သည့် ကျေးရွာများမှ ဒေသခံများအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့တို့မှ
တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger