www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 30, 2017

လားရှိုးမြို့နယ် ဟိုပိတ်အုပ်စု ဟိုပိတ်ကျေးရွာအလွန် မြို့ရှောင်လမ်းတွင် ၂၂ ဘီး ဆီသယ်ယာဉ်တွဲကား တိမ်းမှောက်မှုဖြစ်ပွား



လားရှိုး ၃၀-၁၀-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ် ဟိုပိတ်ကျေးရွာအုပ်စု ဟိုပိတ်ကျေးရွာ အလွန်မြို့ရှောင်လမ်းဆုံ အကျော်တွင် ၂၂ ဘီးတွဲ ဆီသယ်ယာဉ်တွဲကား တိမ်းမှောက်မှုဖြစ်ပွားကြောင်း သိရသည်။

လားရှိုးမြို့နယ် ဟိုပိတ်ကျေးရွာအုပ်စု မြို့ရှောင်လမ်းဆုံအကျော် ကိုးမိုင်ကွေ့အနီးတွင် အောက်တိုဘာ ၂၈ရက် မွန်းလွဲ ၁ နာရီက ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ လားရှိုးနယ်မြေရဲစခန်းမှ ရဲအုပ်မျိုးမင်းသိန်းဦးစီး အဖွဲ့သည် သက်သေများနှင့် အတူ သွားရောက်စစ်ဆေး ခဲ့သည်။

ထိုသို့စစ်ဆေးရာ ယာဉ်မောင်း ဇေထူး စဥ့်ကိုင်မြို့နယ် ကျောက်ဆည်ခရိုင် မန္တလေးတိုင်း ဒေသကြီးနေသူ မောင်းနှင်ပြီး ယာဉ်နောက်လိုက် ဖြိုးမင်းသန့် (ခ) ပိစိ မြို့သစ်ရပ်ကွက် စဥ့်ကိုင်မြို့နယ် နေသူလိုက်ပါလာသည့် ယာဉ်အမှတ် YGN 4N/ ----HOWO အမျိုးအစား ၂၂ဘီးတွဲကား ဆီဂါလန် ၇၆ဝဝ တင်ဆောင်လာသော ဆီသယ်ယာဉ်သည် လားရှိုးဘက်မှ မူဆယ်ဘက်သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာ အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားသဖြင့် ယာဉ်နောက်လိုက် ဖြိုးမင်းသန့် (ခ)ပိစိတွင် ဒဏ်ရာမရရှိဘဲ ယာဉ်မောင်း ဇေထူးတွင်နဖူး၊ မျက်ခုံး၊ ခါးပွန်းပဲ့ ဒဏ်ရာ (မစိုးရိမ်ရ) ရရှိ၍ လားရှိုးပြည်သူ့ ဆေးရုံကြီးသို့ ဆေးကုသရန် ပို့အပ်ထားရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ဇေထူးကို လားရှိုးနယ်မြေ ရဲစခန်းက ယာဉ်(ပ) ၃၈/၂ဝ၁၇၊ပုဒ်မ-၂၇၉ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger