www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 17, 2017

မြန်မာအမျိုးသား လေကြောင်းလိုင်းက လေယာဉ်အမျိုးအစား အလိုက် တင်ဆောင်နိုင်သော ရင်ခွင်ပိုက်ကလေးအရေအတွက် ကန့်သတ်ထား



ရန်ကုန် ၁၇-၁၀-၂၀၁၇

မြန်မာအမျိုးသား လေကြောင်းလိုင်းအနေဖြင့် လေယာဉ် အမျိုးအစားအလိုက် တင်ဆောင်နိုင်သော ရင်ခွင်ပိုက်ကလေး အရေအတွက်ကို ကန့်သတ်ထားကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာအမျိုးသားလေကြောင်းလိုင်း၏ သတင်းထုတ် ပြန်ချက်များအရ သိရသည်။

ယခုနှစ် အောက်တိုဘာ ၆ ရက်က မြန်မာအမျိုးသား လေကြောင်းလိုင်း၏ မြစ်ကြီးနားမှ ရန်ကုန်ခရီးစဉ်တွင် ရင်ခွင်ပိုက် ကလေးတင်ဆောင်ခွင့်နှင့် ပတ်သက်၍ ခရီးသည်တစ်ဦးက စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရကြောင်း၎င်း၏ Facebook တွင် ရေးသားထားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်အသေးစိတ်မှာ ခရီးသည်ကို လက်မှတ်ရောင်းချ ပေးသောအရောင်း အေးဂျင့်က ရင်ခွင်ပိုက်ကလေး လက်မှတ်ဖြတ်မပေး လိုက်ခြင်းကြောင့် ဖြစ်သည်။ မြန်မာအမျိုးသား လေကြောင်းတွင် လေယာဉ်အမျိုးအစား အလိုက် တင်ဆောင်နိုင်သော ရင်ခွင်ပိုက်ကလေး အရေအတွက်ကို ကန့်သတ်ထားရှိကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါခရီးသည် အနေဖြင့် လေဆိပ် check- In- Counter ဝင်ချိန်တွင် တင်ဆောင်နိုင်သော ရင်ခွင်ပိုက်ကလေး အရေအတွက် ပြည့်ပြီးဖြစ်နေသဖြင့် Check In တာဝန်ကျဝန်ထမ်းက စည်းမျဉ်းအတိုင်း ဆောင်ရွက်ပေးခဲ့ခြင်းအပေါ် ခရီးသည်က အထင်အမြင် လွဲမှားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသား လေကြောင်းလိုင်းတွင် ရင်ခွင်ပိုက်ကလေးတင် ဆောင်နိုင်သော လေယာဉ်အမျိုးအစားမှာ Boeing 737-800(12) Pax/ E – 190( 6 ) Pax/ ATR – 72( 4 ) Pax တို့ဖြစ်ပြီး အဆိုပါရင်ခွင်ပိုက် ကလေးများ အတွက် လက်မှတ်နှုန်းထား သတ်မှတ်ပုံမှာ မွေးကင်းစမှ နှစ်နှစ်ပြည့်ရန် တစ်ရက်အလိုထိ လူကြီးလက်မှတ်ခ၏ ၁ဝရာခိုင်နှုန်း၊ နှစ်နှစ်အတိမှ ၁၂နှစ်ပြည့်ရန် တစ်ရက်အလိုထိ ကလေးနှုန်း (လူကြီးလက် မှတ်ခ၏ ၇၅ရာခိုင်နှုန်း)နှင့် ၁၂ နှစ်နှင့်အထက်ကို လူကြီးနှုန်းထားများအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger