www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 11, 2017

ရခိုင်ပြည်နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများအား တပ်မတော်လေယာဉ်ဖြင့် ဆက်လက်ပို့ဆောင်


တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုဝင်များနှင့် အနယ်နယ်အရပ်ရပ်မှ စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် ထောက်ပံ့ပစ္စည်းများကို တပ်မတော်လေယာဉ်ပေါ်သို့ သယ်ဆောင်ပေးစဉ်။

တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုဝင်များနှင့် အနယ်နယ်အရပ်ရပ်မှ စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် ထောက်ပံ့ပစ္စည်းများကို တိုင်းရင်းသားပြည်သူများအား ပေးအပ်စဉ်။


နေပြည်တော် ၁၁-၉-၂၀၁၇

ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာတိမ်းရှောင် နေရသည့်ဒေသခံ တိုင်းရင်းသားပြည်သူများ၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် အနယ်နယ်အရပ်ရပ်မှ စေတနာရှင် အလှူရှင်များက လှူဒါန်းသည့် စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများဖြစ်သည့် ထောက်ပံ့ပစ္စည်းများကို စစ်တွေလေဆိပ်သို့ ဆက်လက်ပို့ဆောင် ပေးလျက်ရှိသည်။

ထိုသို့ပို့ဆောင် ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ငါးပိ ၃ဝ ထုပ်ပါ ကိုးဖာ၊ ငါးခြောက် ၅၁ ထုပ်ပါ ၈၆ ဖာ၊ ပစ္စည်းအမယ်စုံအထုပ် ၈ဝ၊ အာလူး နှစ်အိတ်၊ ငရုတ်သီး ၁၇ အိတ်နှင့် ရွှေကျီးမုန့်ကြွပ် ၁ဝ ဖာတို့ကိုတပ်မတော်လေယာဉ် ဖြင့် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှ စစ်တွေလေဆိပ်သို့ ပို့ဆောင်ပေးရာ အဆိုပါလေယာဉ်သည် စစ်တွေလေဆိပ်သို့ မွန်းလွဲပိုင်းတွင် ရောက်ရှိခဲ့သည်။

ထို့အတူ နေရပ်စွန့်ခွာရွှေ့ပြောင်းရောက်ရှိနေသည့် တိုင်းရင်းသားပြည်သူများ လက်ဝယ်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက နေရာအသီးသီး၌လိုက်လံ ထောက်ပံ့ပေးအပ်လျက်ရှိရာ ယနေ့တွင် မောင်တောမြို့နယ်၊ တောင် ပြိုဝဲကျေး ရွာရှိ ဒေသခံတိုင်းရင်းသား ပြည်သူ ၂ဝဝ ဦး၊ ခမောင်းဆိပ်ကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူ ၅၃၈ ဦး၊ ရွှေရင်အေးကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူ ၃ဝ ဦး၊ ခရေမြိုင်ကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူ ၁၉ ဦး၊ ကင်းချောင်းကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူ ၃ဝ ဦး၊ ရွှေဗဟိုကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူ ၄ဝ ဦး၊ ဗောဓိကုန်းကျေးရွာရှိ ဒေသခံတိုင်းရင်း သားပြည်သူ ၃၅ ဦးနှင့်ဘူးသီးတောင်မြို့နယ်၊ ဂန္ဓမာကျေးရွာရှိဒေသခံ တိုင်းရင်းသားပြည်သူ ၁၆ဝ ဦး၊ စုစုပေါင်းဒေသခံတိုင်းရင်းသား ပြည်သူ ၁ဝ၅၂ ဦးတို့ကို တပ်မတော်မှရဟတ်ယာဉ်၊ မော်တော်ယာဉ်များဖြင့် ထောက်ပံ့ပစ္စည်းများ လိုက်လံ ပေးအပ်ခဲ့သည်။

အလားတူ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ထောက်ပံ့ပစ္စည်းများအား တပ်မတော်ရဟတ်ယာဉ်ဖြင့် ဗန္ဓုလကျေးရွာရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပို့ဆောင်ပေးခဲ့ပြီး ကိုယ်ဝန်သည်မိခင် နှစ်ဦးအားပြန်လည် ခေါ်ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger