www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, September 21, 2017

မိုးကာလတွင် ဖြုန်းအုတ်ကြိုတင်စုဆောင်း ထားခြင်းဖြင့် ပွင့်လင်းရာသီ၌ အကျိုးအမြတ်ရရှိ



လားရှိုး ၂၁-၉-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ဆောက်လုပ်ရေး လုပ်ငန်းများက ဖြုန်းအုတ်ဝယ်ယူမှု များပြားသောကြောင့် မိုးကာလ၌ ဖြုန်းအုတ်ကြိုတင် စုဆောင်းထားခြင်းဖြင့် ပွင့်လင်းရာသီတွင် ရောင်းချရာ၌ အကျိုးအမြတ်ရရှိကြောင်း လားရှိုးမြို့ ရပ်ကွက် (၁၂) မှ ဖြုန်းစက်အုတ်လုပ်ငန်းရှင် တစ်ဦးထံမှ သိရသည်။

လားရှိုးမြို့တွင် တစ်ချိန်က ဖြုန်းအုတ်လုပ်ငန်းများကို လက်ရိုက်အုတ်အဖြစ် ထုတ်လုပ်ရောင်းချ ကြသော်လည်း ယခုအခါစက်များဖြင့် ဖြုန်းအုတ်လုပ်ငန်းကို ထုတ်လုပ်ရောင်းချကြရာ လုပ်ငန်းတွင်ကျယ်မှုများပြား လာကြောင်း၊လက်ရိုက်အုတ် ရိုက်သူတစ်ဦးလျှင် တစ်နေ့အုတ်အလုံးရေ ၂ဝဝမှ ၃ဝဝ ရရှိအောင်ရိုက်သည့်အတွက် တစ်နေ့ လုပ်အားခ ငွေကျပ် ၁ဝဝဝဝ ကျော်ရရှိကြောင်း၊ စက်ရိုက်အုတ် လုပ်သူများအနေဖြင့် စက်တစ်လုံးလျှင် လေးဦး လုပ်ကိုင်ပါက လုပ်ငန်းလည်ပတ်မှု အဆင်ပြေသဖြင့် တစ်နေ့လျှင် အုတ်အလုံးရေ ၁ဝဝဝမှ ၁၂ဝဝရရှိကြောင်း၊ အုတ်ရိုက်ခမှာ အုတ်တစ်လုံးလျှင် ငွေ ၂၂ကျပ်ရရှိသည့်အတွက် လုပ်သားတစ်ဦးလျှင် တစ်နေ့လုပ်အားခငွေကျပ် ၁ဝဝဝဝ ကျော်ရရှိကြောင်း၊ လားရှိုးမြို့တွင် အုတ်တစ်လုံးလျှင် ငွေကျပ် ၁၁ဝမှ၁၂ဝ ရောင်းကြကြောင်း၊ သယ်ယူပို့ဆောင်ရပါက အနီး၊ အဝေးပေါ်မူတည်၍ သယ်ယူစရိတ်မြင့်သွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်ဖြုန်းအုတ်ရိုက်လာတာ ၂၅နှစ်ကျော်ပြီ။ အရင်ကတော့ထုံးနဲ့ ဖြုန်းစပ်ပြီးလက်နဲ့ရိုက်တာပါ။ အခုနောက်ပိုင်း တိုးတက်လာတော့ လက်ရိုက်အုတ်ကနေ စက်ရိုက်အုတ်အဖြစ် ပြောင်းလုပ်လာပါတယ်" ဟု ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။ 

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger