ရန်ကုန် ၁၄-၉-၂၀၁၇
မြန်မာ့ပရဆေးများမှာ အစွမ်းအာနိသင် ထက်မြက်သဖြင့် တိုင်းရင်းဆေးဝါးများနှင့် တခြားသော စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုရန် တရုတ်နိုင်ငံမှ ဝယ်ယူနေခြင်းကြောင့် တရုတ်နိုင်ငံသို့ မြန်မာပရဆေး ကုန်ကြမ်းများ လစဉ်တင်ပို့နေရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပရဆေးကုန်ကြမ်းများသည် သဘာဝအတိုင်း ပေါက်ရောက်၍ မည်သည့်ဓါတုဗေဒ ဆေးဝါးဓါတ်ကြွင်းမှ မပါဝင်သဖြင့် ယခုကဲ့သို့ လစဉ်မှာယူနေခြင်း ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံက တရုတ်နိုင်ငံကို တင်ပို့နေတဲ့ မြန်မာ့ပရဆေးတွေက ကွမ်းစားဂမုန်း၊နနွင်းတက်၊ တောချင်း၊မာလာဥခေါင်း၊ ဆီးဆန်၊မိကျောင်းကွမ်းဖတ်စေ့၊ နေလှည့်စေ့၊ကြောင်လျှာစေ့နှင့် ဒရင်ကောက်မြစ် စတဲ့ပရဆေး ကုန်ကြမ်း တွေကို တင်ပို့နေရတယ်။
မြန်မာနိုင်ငံထွက် ပရဆေးတွေကို တရုတ်နိုင်ငံက ဝယ်ယူလိုအား မြင့်နေပြီး သြဂုတ် ၁၉ ရက်ကနေ ၂၅ ရက်အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၄၀၁ သန်း တန်ဖိုးရှိ ပရဆေးတန်ချိန် ၃၆၈ တန်ကို တင်ပို့ခဲ့ရပါတယ်။ရှေ့လတွေကလည်း အခုလိုတင်ပို့ နေရပါတယ်လို့ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ပြောသည်။
မြန်မာ့ပရဆေး ကုန်ကြမ်းများကို တင်ပို့ရာတွင် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ အများဆုံးတင်ပို့လျှက်ရှိပြီး ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းမှလည်း တင်ပို့ရောင်းချလျှက် ရှိကြောင်းသိရသည်။
#Themyawadydaily






No comments:
Post a Comment