www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, September 20, 2017

ဆောမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ချောင်းရေမြင့်တက်သဖြင့် ဆောချောင်းကူးသစ်သားတံတား ရေတိုက်စား၍ မျောပါပျက်စီး



ဆော ၂၀-၉-၂၀၁၇

ဂန့်ဂေါခရိုင် ဆောမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဆောချောင်းရေမြင့်တက်သဖြင့် ဆောမြို့နှင့် ခွင်းချောင်းရွာ ဆောချောင်းကူးသစ်သား တံတားသည် ရေတိုက်စား၍ ယနေ့ နံနက်ပိုင်းက ဆောမြို့ဘက်ခြမ်း အလျားပေ၂ဝခန့် မျောပါပျက်စီးသွားကြောင်း သိရသည်။

အဆိုပါတံတားကို ၂ဝ၁၄-၂ဝ၁၅ဘဏ္ဍာနှစ် အခွန်လိုင်စင်ကြေးငွေကျပ်ငါးသန်းဖြင့် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး အလျားပေ ၇ဝ၊ အနံငါးပေ၊ အမြင့် ၁၅ပေရှိလူကူးတံတား ဖြစ်ကြောင်း၊ ယခုရေတိုက်စားသဖြင့် ခန့်မှန်းဆုံးရှုံးမှု တန်ဖိုးငွေကျပ် ၁ဝ သိန်းခန့်ရှိမည် ဖြစ်ကြောင်းသိရသည်။

ဆောချောင်းကူး တံတားပျက်စီးရာသို့ ဆောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်လင်း၊ မြို့နယ်မီးသတ်ဦးစီး ဌာနမှူးဦးကျော်မင်းတို့ လာရောက်၍ ရေကျသွားသည့်အခါ သွားလာမှု အဆင်ပြေနိုင်ရေး အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့်အတူ ကြည့်ရှုဆွေးနွေး ညှိနှိုင်းကြသည်။

"တံတားမရှိတော့ ခွင်းချောင်းရွာက ဆောအခြေခံပညာ အထက်တန်းကျောင်းကို ကျောင်းတက်လာကြမယ့် ကျောင်းသား၊ ကျောင်းသူတွေ မလာနိုင်ကြဘူးပေါ့။ ခွင်းချောင်းအခြေခံ ပညာမူလတန်းကျောင်းမှာ တာဝန်ကျတဲ့ ဆောမြို့က ဆရာ၊ဆရာမတွေလဲ မသွားနိုင်ကြသေးဘူး။ ဈေးသည်တွေ၊ ပြည်သူတွေလဲ အခက်အခဲဖြစ်သွားတာပေါ့" ဟု ဆောမြို့မှ ပြည်သူတစ်ဦးက ပြောပြသည်။

ရေစီးအား လျော့နည်းလာသည့် အခါတွင် ရေမျောပါ ပျက်စီးသွားသည့် အပိုင်းကို ကိုယ့်အားကိုယ်ကိုး စနစ်ဖြင့် ပြန်လည်ပြင်ဆင်မည် ဖြစ်ကြောင်း ခွင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမင်းဝေက ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger