www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, September 12, 2017

မောင်တောမြို့နယ်၊ ကညင်တန်းကျေးရွာအတွင်း ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက် သမား ၆ ဦးအား ၀ိုင်းဝန်းဖမ်းဆီး၍ လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံ


ဖမ်းဆီးရမိ ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက် သမားခြောက်ဦးကို တွေ့ရစဉ်။

သိမ်းဆည်းရမိဓားများနှင့် လေးခွတို့ကို တွေ့ရစဉ်။

နေပြည်တော်  ၁၂-၉-၂၀၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကညင်တန်းကျေးရွာသို့ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမား ၆ ဦးသည် ယနေ့နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် ဓား၊ လေးခွများ ကိုင်ဆောင်၍ ကျေးရွာအတွင်းသို့ ၀င်ရောက် လာပြီး ၎င်းကျေးရွာနေ နူရ်ဟာဆောင်၏ သားဖြစ်သူ အာလီခါန် အသက် ၂၄ နှစ်အား ဖမ်းဆီး ခေါ်ဆောင်သဖြင့် ကျေးရွာအတွင်း နေထိုင်လျက်ရှိသော ဘင်္ဂါလီအချင်းချင်းမှ ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား များအား လက်ခံမှုမရှိဘဲ ၀ိုင်းဝန်းဖမ်းဆီးခဲ့သည်။

အဆိုပါဖမ်းဆီးရမိ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမား ၆ ဦးမှာ ရသေ့တောင်မြို့နယ်၊ နီးလင်းဘော်ကျေးရွာနေ မော်ဂိုလာမောက် (ဘ) ကာဆိမ်း၊ အောက်နန်းရာကျေးရွာနေ ဟူဆောန်းအာမတ် (ဘ) မော်တူရာမာန် ၊ဘလာမီကျေးရွာနေ ဆော်ယော့ဒူလ္လာ (ဘ) အီမန်ဟူးဆောင်း၊ ပေါက်ပင်ရင်းကျေးရွာနေ ကေပါ ယာဒ်အူလ္လာ (ဘ) ရာမောက်တူလာ၊ နီလင်းဘော်ကျေးရွာနေ ဘော်ရှီးအူလ္လာ (ဘ) နိုမာမတ်နှင့် နီလင်းဘော်ကျေးရွာနေ အတာ ဟူရာမန် (ဘ) အာတာအူလ္လာတို့ဖြစ်ပြီး ၎င်းတို့အား ဓား ၄ ချောင်း၊ လေးခွ ၁ လက်တို့ နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

၎င်းဖမ်းဆီးရမိ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် သမားများအား နယ်မြေရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger