www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 29, 2017

နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိ ပြင်ဦးလွင်မြို့မှ အတွင်းဝန်များရုံးကို ရှေးမူမပျက် ထိန်းသိမ်းထား



ပြင်ဦးလွင် ၂၉-၉-၂၀၁၇

အင်္ဂလိပ်တို့သည် ၁၈၈၅ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်ပြီး ၁၈၉၆ခုနှစ်တွင် မေမြို့ (ပြင်ဦးလွင်) ကို ဘုရင်ခံနွေရာသီ ရုံးစိုက်ရာ တောင်ပေါ်စခန်းမြို့ အဖြစ်သတ်မှတ်ကာ ၁၉၁၆ ခုနှစ်တွင် အတွင်းဝန်များရုံး (Secretariat Building) ကိုတည်ဆောက်ခဲ့သည်။

အတွင်းဝန်များရုံးကို မြန်မာပြည်ဘုရင်ခံ ဆာဟုတ်ကုတ်ဘတ္တလာ (Sir Spencer Harcourt Bulter) လက်ထက် ၁၉၁၆ ခုနှစ်မှ ၁၉၁၉ ခုနှစ်ထိ သုံးနှစ်ကြာတည်ဆောက်ခဲ့ရသည်။ ပြင်ဦးလွင်မြို့ရှိ အတွင်းဝန်များရုံးကို မြန်မာပြည်ဘုရင်ခံ အဆက်ဆက်က နွေရာသီကာလဖြစ်သော မတ်၊ ဧပြီ၊ မေနှင့်ဇွန်လတို့တွင် ရန်ကုန်မြို့ အတွင်းဝန်များရုံးမှ အတွင်းဝန်များကို တစ်ပါတည်း ခေါ်ဆောင်လာကာ ပြင်ဦးလွင် အတွင်းဝန်များရုံးတွင် ရုံးတက်စေပြီး ရုံးလုပ်ငန်းများကို လုပ်ကိုင်စေခဲ့သည်။

ပြင်ဦးလွင်မြို့ အတွင်းဝန်များရုံးကို ဘုရင်ခံအဆက်ဆက် နွေရာသီရုံးစိုက်ရာ အတွင်းဝန်များရုံး အဖြစ်အသုံးပြုခဲ့ကြပြီး တောင်တန်းဒေသ အုပ်ချုပ်ရေးရုံးအဖြစ် ၁၉၄၇ခုနှစ် အထိလည်းကောင်း၊ ၁၉၄၇ခုနှစ်မတ်လ ၇ရက်တွင် ပင်လုံစာချုပ် နောက်ဆက်တွဲရီးစ်ဝီလျှံ ကော်မရှင်ရုံးအဖြစ်လည်းကောင်း၊ ၁၉၆၂ ခုနှစ်တွင် ဌာနဆိုင်ရာရုံးများပြောင်း ရွှေ့ဖွင့်လှစ်ပြီး စုပေါင်းရုံးအဖြစ်လည်းကောင်း၊ ယခုအချိန်တွင် ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးအဖြစ်လည်းကောင်း ဖွင့်လှစ်ထားလျက်ရှိကြောင်း သိရသည်။

ပြင်ဦးလွင်မြို့ရှိ အတွင်းဝန်များရုံးသည် သက်တမ်းအားဖြင့် နှစ်ပေါင်းတစ်ရာကျော် ရှိပြီဖြစ်သည့် အားလျော်စွာ မပျက်စီးမယိုယွင်းစေရန် ရှေးမူမပျက်ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ကိုင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger