www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 29, 2017

အင်းဝတံတား (စစ်ကိုင်း) အသုံးပြုခကောက်ခံရေး လုပ်ငန်းအတွက် မြန်မာ့မီးရထား တိုင်း (၂) က လေလံတင်ရောင်းချရာ ငွေကျပ်သိန်း ၂ဝ၅ဝ ရရှိ



စစ်ကိုင်း ၂၉-၉-၂၀၁၇

အင်းဝတံတား (စစ်ကိုင်း) အသုံးပြုခကောက်ခံရေး လုပ်ငန်းအတွက် မြန်မာ့မီးရထား တိုင်း (၂) စီးပွားရေးဌာန (စစ်ကိုင်း)က လေလံတင်ရောင်းချရာ ငွေကျပ်သိန်း ၂ဝ၅ဝရရှိခဲ့ကြောင်း အဆိုပါဌာနမှ သိရသည်။

စစ်ကိုင်းမြို့နှင့် မန္တလေးမြို့ကို ဆက်သွယ်ထားသော အင်းဝတံတား (စစ်ကိုင်း) အသုံးပြုခကောက်ခံရေး လုပ်ငန်းအတွက် မြန်မာ့မီးရထား တိုင်း (၂) စီးပွားရေးဌာနက လေလံတင်ရောင်းချပွဲကို စက်တင်ဘာ ၂၆ရက် မွန်းလွဲ ၁နာရီက စစ်ကိုင်းမြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ဝင်ရောက်ယှဉ်ပြိုင် လေလံဆွဲသည့် လုပ်ငန်းရှင် ၂၆ဦးရှိကြောင်း၊ အင်းဝတံတား (စစ်ကိုင်း) အသုံးပြုခ ကောက်ခွင့်လုပ်ငန်း လိုင်စင်၏ ကြမ်းခင်းဈေးမှာ ငွေကျပ် ၁၁ဝ၁ သိန်းဖြစ်ကြောင်း မြန်မာ့မီးရထား တိုင်း (၂) စီးပွားရေးဌာနမှ မန်နေဂျာဦးကျော်မိုးက ပြောပြသည်။

"ပြီးခဲ့တဲ့နှစ်က ငွေကျပ် သိန်း ၁၁ဝဝပါ။ လုပ်ထုံးလုပ်နည်းအရ ငွေကျပ်သိန်း ၁၁ဝဝ ထက်ကျော်မှသာ တင်ဒါရဲ့ ကြမ်းခင်းဈေးလို့ ခေါ်တာပါ။ ကြမ်းခင်းဈေးက ငွေကျပ် ၁၁ဝ၁ သိန်းပါ။ ဥစနည တင်ဒါနဲ့ ပစ်တဲ့အတွက် ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ် ခေါ်တာပါ။ တတိယကြိမ်မှာ ပြီးတယ်။ အများဆုံးပေးနိုင်တဲ့သူကို ရွေးတာပါ"ဟု ၎င်းက ဆက်လက် ပြောပြသည်။

အင်းဝတံတား (စစ်ကိုင်း) အသုံးပြုခ ကောက်ခွင့်လုပ်ငန်း လိုင်စင်ကို သုံးနှစ်တစ်ကြိမ် လေလံတင်ရောင်းချ လျက်ရှိရာ ပြီးခဲ့သည့်နှစ် လေလံရရှိမှုသည် တစ်နှစ်လျှင် ငွေကျပ်သိန်း ၁၁ဝဝ ဖြစ်ပြီး ယခုနှစ် လေလံရရှိမှုသည် တစ်နှစ်လျှင်ငွေကျပ်သိန်း ၂ဝ၅ဝဖြစ်သဖြင့် ယခုနှစ် လေလံကြေးရရှိမှုမှာ ယခင်နှစ်ကထက် ပိုမိုရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"လုပ်ငန်းစတင်ရမှာက အောက်တိုဘာ ၁ ရက်နေ့က စရပါမယ်။ သက်တမ်းအားဖြင့် သုံးနှစ်လုပ်ကိုင်ခွင့်ရရှိမယ်။ တစ်နှစ်တစ်ကြိမ်စာချုပ် ချုပ်ပါမယ်။ သုံးနှစ်ထိသူ့ကို သက်တမ်းပေးပါမယ်။ တစ်နှစ်ကို ငွေကျပ်သိန်း ၂ဝ၅ဝ နဲ့ စာချုပ်ချုပ်ပါမယ်" ဟု မြန်မာ့မီးရထားတိုင်း (၂) စီးပွားရေးဌာနမှ မန်နေဂျာ ဦးကျော်မိုးက ပြောပြသည်။

ယခုနှစ် အင်းဝတံတား (စစ်ကိုင်း) အသုံးပြုခကောက်ခံရေး လုပ်ငန်းအတွက် တင်ဒါအောင်မြင်သူသည် ယခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင်၍ ၂ဝ၂ဝပြည့်နှစ်စက်တင်ဘာ ၃ဝရက်ထိ လုပ်ကိုင်ခွင့် သုံးနှစ်ရရှိမည်ဖြစ်ကြောင်းသိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger