ရန်ကုန် ၇-၈-၂၀၁၇
ရန်ကုန်မြို့တွင်း ခရီးသည်ပို့ဆောင်ရေး ယာဉ်အဖြစ် ဝယ်ယူထားသည့် YBS ယာဉ်သစ် အစီးရေ ၄ဝဝ ကို လွန်းပျံယာဉ်နှင့် လှိုင်သာယာဗဟိုပြုသည့် ခရီးစဉ်များတွင် ထပ်တိုးပြေးဆွဲမည် ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။
လွန်းပျံယာဉ်အနေဖြင့် ပြည်တွင်းပြည်ပသို့ သွားရောက်ကြမည့် ခရီးသည်များအတွက် အဓိကထားပြေးဆွဲ ပေးမည်ဖြစ်ပြီး ယင်းကဲ့သို့ ပြေးဆွဲရာတွင် မင်္ဂလာဒုံ လေဆိပ်မှစတင်ကာ ရှစ်မိုင်လမ်းဆုံ၊ မြန်မာပလာဇာ၊ ကန်တော်ကြီးနှင့် ဆူးလေ စသည့်မှတ်တိုင်ငါးခု၌သာ ရပ်နားမည်ဖြစ်သည်။
လှိုင်သာယာဗဟိုပြုပြီး YBS ယာဉ်လမ်းကြောင်းငါးခု ပြေးဆွဲပေးမည်ဖြစ်ရာ ခရီးစဉ်လမ်းကြောင်းများမှာ YBS အမှတ် ၈၃၊ YBS အမှတ် ၈၂ နှင့် ဒဂုံတက္ကသိုလ်၊ လှိုင်သာယာနည်းပညာ တက္ကသိုလ်သို့ ချိတ်ဆက်သည့် နေရာ များအား အောက်ကြည့် မြင်တိုင်လမ်းကြောင်းမှ ပြေးဆွဲပေးမည် ဖြစ်ကြောင်း Omini Focus ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
#Themyawadydaily






No comments:
Post a Comment