www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 7, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Mr. Yohei SASAKAWA က မြစ်တွင်းသွား ရေယာဉ်ပေါ်တွင် ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Mr. Yohei SASAKAWAအား အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်စဉ်။

နေပြည်တော် ၇-၈-၂၀၁၇

ဂျပန်နိုင်ငံသို့ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညပိုင်းတွင် နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Mr. Yohei SASAKAWA က Smida Gawa မြစ်အတွင်း မြစ်တွင်းသွား ရေယာဉ်ပေါ်၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါဂုဏ်ပြု ညစာစားပွဲ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသူရိန်သန့်ဇင် နှင့်ဇနီး၊မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် စောမင်းနှင့်ဇနီး တို့တက်ရောက်ကြပြီး နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌနှင့်အတူ နိပွန်ဖောင်ဒေးရှင်း အမှုဆောင် ဒါရိုက်တာ Mr. Yuji MORI၊ အငြိမ်းစားဂျပန် ကာကွယ်ရေးဝန်ကြီး Mr. Yasukazu HAMADA၊ ဂျပန်မြေပြင် ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့မှ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး Yamaguchi Noboru နှင့် ဂျပန်-မြန်မာချစ်ကြည်ရေး အသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်တွင်းသွား ရေယာဉ်ပေါ်တွင် ညစာကို အတူတကွ သုံးဆောင်ကြပြီး Tokyo မြို့၏ ညအလှ ရှုခင်းများအား မြစ်တွင်းသွား ရေယာဉ်ပေါ်မှ ကြည့်ရှု လေ့လာကြသည်။ ညစာသုံးဆောင် အပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဇနီးနှင့် နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။

ထို့နောက် နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌက အခမ်းအနားတက်ရောက် လာကြသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger