www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, August 1, 2017

ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာ အရာရှိသင်တန်း UN Peacekeeping Officer Training Programme ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်


ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာ အရာရှိသင်တန်း UN Peacekeeping Officer Training Programme ဖွင့်ပွဲအခမ်းအနားတွင် အဖွင့်အမှာစကားပြောကြားစဉ်။

နေပြည်တော် ၁-၈-၂၀၁၇

မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော်တို့အကြား လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တစ်ရပ်အနေဖြင့် ဆောင်ရွက်သော ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာ အရာရှိသင်တန်း UN Peacekeeping Officer Training Programme ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပပြုလုပ်သည်။

အဆိုပါဖွင့်ပွဲ အခမ်းအနားသို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E.Mr. Vikram Misri နှင့် စစ်သံမှူး Colonel Naveen Mahajan၊ အိန္ဒိယတပ်မတော် Centre For United Nations Peacekeeping (CUNPK) မှ နည်းပြအရာရှိများ၊ မြန်မာ့တပ်မတော်မှ သင်တန်းသားအရာရှိများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုလုပ်ငန်းများတွင် မြန်မာ့တပ်မတော် အနေဖြင့် စစ်ဘက်လေ့လာ စောင့်ကြည့်သူများနှင့် ဦးစီးအရာရှိများ စေလွှတ်တာဝန်ထမ်းဆောင်ခဲ့မှု အခြေအနေများ၊ မြန်မာ့တပ်မတော်အနေဖြင့် အနာဂတ်တွင် ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုလုပ်ငန်းများ၌ ပါဝင်ထမ်းဆောင် နိုင်ရေးအတွက် စပိန်၊နော်ဝေ၊ သြစတြေးလျ၊ယူကရိန်း၊ မလေးရှား၊ကမ္ဘောဒီးယား၊ ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံများသို့ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာ သင်တန်းများ စေလွှတ်တက်ရောက်စေခြင်းနှင့် မိတ်ဆွေနိုင်ငံများရှိ Peacekeeping Training Centre မှ Mobile Training Team များဖိတ်ခေါ်၍ လေ့ကျင့်သင်ကြားလျက်ရှိသည့် အခြေအနေများ၊ Contigent Troop စေလွှတ်နိုင်ရေး မျှော်မှန်းလေ့ကျင့် ပေးလျက်ရှိသည့် အခြေအနေများ၊ မြန်မာ့တပ်မတော်အနေဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက်အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အဓိကအခန်းကဏ္ဍမှ တက်ကြွစွာဆောင်ရွက် လျက်ရှိပြီး နိုင်ငံတကာ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုလုပ်ငန်းများ တွင်လည်း ကုလသမဂ္ဂ၏ ဦးဆောင်မှုဖြင့် စိတ်ပါဝင်စားစွာ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် အိန္ဒိယသံအမတ်ကြီးက အမှာစကားပြောကြားပြီး အိန္ဒိယနိုင်ငံ Centre For United Nations Peacekeeping (CUNPK) မှ နည်းပြအရာရှိတစ်ဦးက အိန္ဒိယနိုင်ငံ၏ UN Peacekeeping Operations တွင်ပါဝင် ဆောင်ရွက်နေမှု အခြေအနေများအား Power Point ဖြင့်ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ဝင်များသည် ဖွင့်ပွဲအခမ်းအနားကို တက်ရောက် လာကြသူများ၊ CUNPK မှ နည်းပြအရာရှိများ၊ သင်တန်းသားအရာရှိ များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြပြီး ခင်းကျင်းပြသထားသော မှတ်တမ်းဓာတ်ပုံများအား လှည့်လည်ကြည့်ရှု ကြသည်။

အဆိုပါသင်တန်းကို မြန်မာ့တပ်မတော်မှ အရာရှိများအား ကုလသမဂ္ဂ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ဘာသာရပ်များကို လေ့လာသင်ယူနိုင်စေရန်၊ သင်တန်းနည်းပြများ၊ သင်တန်းသား အရာရှိများအချင်းချင်း အပြန်အလှန် တွေ့ဆုံဖလှယ် ဆွေးနွေးရန်နှင့် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်စေရန် ရည်ရွယ်ပြီး သြဂုတ် ၁၁ ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger