www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 9, 2017

ခေတ်မီဆန်စက်မောင်းနှင်ရေး ကျွမ်းကျင်သင်တန်း ဖွင့်လှစ်မည်



ရန်ကုန် ၉-၈-၂၀၁၇

မြန်မာနိုင်ငံ၌ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်ရာတွင် အားနည်းချက်များ ရှိနေခြင်းကြောင့် ခေတ်မီဆန်စက် မောင်းနှင် လည်ပတ်နိုင်ရေး ကျွမ်းကျင်သင်တန်းကို ယခုလအတွင်း ဖွင့်လှစ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အမှုဆောင် ဦးအောင်ဆန်းထံမှ သိရသည်။

အဆိုပါသင်တန်းကို မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်နှင့် စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းလုပ်ဆောင် ခြင်းဖြစ်ပြီး မြန်မာ့ဆန်ထုတ်လုပ်မှု အရည်အသွေး အဆင့်မီစေရန် ဆောင်ရွက်မည်ဖြစ်သည်။ ဆန်စပါး ထုတ်လုပ်မှုကို စစ်ဆေးရာတွင် အားနည်းချက်များစွာ ရှိနေခြင်းကြောင့် ဈေးကောင်းမရရှိ ကြောင်းနှင့် မြန်မာ့ဆန်စပါး အရည်အသွေးမြင့်မား ရေးအတွက် ဆန်စက်အခန်း ကဏ္ဍသည် အဓိကအခန်း ကဏ္ဍတွင် ပါဝင်နေပြီး ထုတ်လုပ်မှုမြှင့်တင်ရန် ခေတ်မီဆန်စက်များကို အသုံးပြုမည် ဖြစ်သည်။

သင်တန်းဖွင့်လှစ်ရာတွင် စက်မှုဝန်ကြီးဌာန အမှတ် (၁) စက်မှုသင်တန်းကျောင်း (ဆင်တဲ) ၌ စာတွေ့သင်တန်းတစ်လခွဲ၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ အသင်းဝင်ကုမ္ပဏီများရှိ ခေတ်မီဆန်စက်များ၌ လက်တွေ့သင်တန်း တစ်လခွဲ စုစုပေါင်းသုံးလ သင်တန်းတက်ရောက် ရမည်ဖြစ်ပြီး သင်တန်းကြေးအဖြစ် စားသောက်၊ နေထိုင်စရိတ်များ အပါအဝင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် သင်တန်းသား၊ သင်တန်းသူ ၅ဝ ဦး ခေါ်ယူထားကြောင်း သိရသည်။

ထို့ပြင် သင်တန်းကြေး မတတ်နိုင်သည့် သူများကို ပညာသင်စရိတ် ကင်းလွတ်ခွင့် လျှောက်ထားနိုင်သည့် အစီအစဉ်များ ထည့်သွင်းထားပြီး စက်ပစ္စည်းကိုင်တွယ် ထိန်းသိမ်းမှုအပြင် စပါးမျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ် ထွက်ရှိနိုင်ရန် ပညာပေးသင်ကြား ပေးမည် ဖြစ်သည်။

အဆိုပါသင်တန်း ဆင်းပါက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပြီး အသင်းဝင်ကုမ္ပဏီများ၌ အလုပ်ခန့်အပ်ရန် ကူညီမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger