www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, August 1, 2017

မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်း၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကျင်းပ



ရန်ကုန် ၁-၈-၂၀၁၇

မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်း၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို ယနေ့တွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၌ ကျင်းပကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ဆီစက်ပိုင်ရှင်များ တက်ရောက် ဆွေးနွေးကြသည်။ ဆွေးနွေးချက်များကို လုပ်ငန်းများ၌ ထိထိရောက်ရောက် ဆက်လက် အကောင်အထည် ဖော်နိုင်စေရန် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံရုံးနှင့် စီးပွားရေး ကော်မတီတို့သို့ တင်ပြမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင် လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးခင်စိုးထံမှ သိရသည်။

မြန်မာနိုင်ငံ ဈေးကွက်အတွင်းသို့ ဝင်ရောက်နေသည့် ပြည်ပဆီများနှင့် ပတ်သက်၍ တားဆီးယှဉ်ပြိုင် နိုင်မှုအတွက် စံချိန်စံညွှန်းမီခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း၊ အခွန်တိုးမြှင့် ကောက်ခံခြင်းကို ပြုလုပ်ရန် လိုအပ်ကြောင်း၊ မန္တလေးတိုင်း ဒေသကြီး ဆီစက်ပိုင်ရှင်များ အသင်းနှင့် ရှမ်းပြည်နယ် ဆီစက်ပိုင်ရှင်များ အသင်းမှ စိုက်ပျိုးရေးတွင် လိုအပ်သော စက်ကိရိယာများ ကူညီပေးရန်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် အရည်အသွေး မပြည့်မီသော စားသုံးရန် မသင့်လျော်သည့် ဆီထုတ်လုပ်နေမှု များကို အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း အဆိုပါအစည်းအဝေးမှ သိရသည်။

ဆက်လက်၍ ဈေးကွက်အတွင်း အရည်အသွေး မပြည့်မီသည့် ဆီစားသုံးမှုနှုန်းကို လျှော့ချပေးရန်နှင့် အရည်အသွေး စံနှုန်းများ စမ်းသပ်ပေးနိုင်မည့် ဓာတ်ခွဲခန်းများ ပံ့ပိုးပေးရန် စသည့် အကြောင်းအရာများကို ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် မြေပဲစံပြစိုက်ခင်းများ၊ ဆီအရည်အသွေး ကိစ္စရပ်များနှင့် ဆီစက်ပိုင်ရှင်များ အသင်းမှ ပြုလုပ်မည့် One Billion Business Project ကိစ္စရပ်များ စသည့်အကြောင်းအရာ များကိုလည်း အပိုင်းနှစ်ပိုင်းခွဲ၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger