www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, August 1, 2017

အစွန်းရောက် အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်ရန် ဆောက်လုပ်ထားသည့် မသင်္ကာဖွယ်တဲများအနီးမှ လူ့အသုံးအဆောင်ပစ္စည်းများတွေ့ရှိ



နေပြည်တော် ၁-၈-၂၀၁၇

လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲပိုင်းက မေယုတောင်ကြောပေါ်၌ အစွန်းရောက် အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်ရန် ဆောက်လုပ်ထားသည့် တဲများနှင့် အသုံးအဆောင် ပစ္စည်းများ တွေ့ရှိ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျေးရွာသားများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရသေ့တောင်မြို့နယ် ချွတ်ပြင် ကျေးရွာသား ဦးသန်းဌေး ပျောက်ဆုံးနေမှုအတွက် ဇူလိုင် ၃ဝ ရက် နံနက်ပိုင်းတွင် မေယုတောင်ကြော ပတ်ဝန်းကျင် တစ်ဝိုက် လိုက်လံရှာဖွေခဲ့ရာ မွန်းလွဲပိုင်းတွင် အစွန်းရောက် အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်ရန် ဆောက်လုပ်ထားသည့် တဲများ၊ တဲဆောက်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်း များကို တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

တွေ့ရှိသည့် ပစ္စည်းများမှာ မိုးကာလိပ်အစိမ်း အသစ်တစ်လိပ်၊ အလျား ၁၂ ပေ၊ အနံ ၆ ပေရှိ မိုးကာစရောင်စုံ ၁၂ ထည်၊ ပေ ၁ဝဝ ရှိ နိုင်လွန်ကြိုးတစ်ခွေ၊ ပေါက်ပြားလေးလက်၊ ဆန်ငါးအိတ်၊ ဆီခုနစ်ပိဿာ၊ ငါးနီတူခြောက် တစ်ပိဿာပါ အထုပ်ငါးထုပ်၊ ငရုတ်သီးမှုန့်တစ်ပိဿာ ထုပ်တစ်ထုပ်၊ ရွှေကြက်တံဆိပ် ဟင်းခတ်အမွှေး ခြောက်ဘူး၊ ကွမ်းသီးသုံးပိဿာ၊ ကော်ဖီမစ်ပေါင်ထုပ် ၁၈ ထုပ်၊ WFP တံဆိပ်ပါ Hight Energy Biscuits 75 g အထုပ် ၁ဝဝ ပါ တစ်ဖာ၊ စတီးထမင်းစား ပန်းကန် ၁၅ ချပ်၊ ကြွေရည်သုတ် ထမင်းစားပန်းကန် ၁ဝ ချပ်၊ စတီးဇလုံ အသေးနှစ်လုံးနှင့် ခြုံစောင်လေးထည် တို့ဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့ အခြေစိုက်ထားသည့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ရုံးခွဲမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆန်၊ ဆီ၊ ဆား၊ပ၊ဲ ဘီစကွတ်နှင့် အာဟာရမှုန့် စသည့် လူသားချင်း စာနာမှုဆိုင်ရာ ရိက္ခာများကို ရခိုင်ပြည်နယ်အတွင်းရှိ IDP Camps များတွင် ထောက်ပံ့ကူညီ ပေးလျက်ရှိရာ မသင်္ကာဖွယ် တဲများနှင့်အတူ လူသုံးကုန် ပစ္စည်းများ၊ အစားအသောက်များ တွေ့ရှိခဲ့မှု နှင့်ပတ်သက်၍ ဖြစ်စဉ်မှန် ပေါ်ပေါက်ရေး ဆက်လက်စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger