www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 4, 2017

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့များ၏ ပူးတွဲစစ်ဦးစီးချုပ် Admiral Katsutoshi KAWANO နှင့်တွေ့ဆုံဆွေးနွေး



နေပြည်တော် ၄-၈-၂၀၁၇

ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ဒေသ စံတော်ချိန် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်တွင် ဂျပန်ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့များ၏ ပူးတွဲစစ်ဦးစီးချုပ် Admiral Katsutoshi KAWANO နှင့် ဂျပန်နိုင်ငံ၊ ကာကွယ်ရေး ၀န်ကြီးဌာနရှိ ဧည့်ခန်းမတွင် တွေ့ဆုံဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသူရိန်သန့်ဇင်၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် စောမင်းနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ဂျပန်ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့များ၏ ပူးတွဲစစ်ဦးစီးချုပ်နှင့် အတူဂျပန် တပ်မတော်မှ အရာရှိကြီးများနှင့် နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Mr. Yohei SASAKAWA တို့ တက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံ ရာတွင် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးအတွက် အဆင့်အလိုက် အပြန်အလှန် ချစ်ကြည်ရေးခရီး လည်ပတ်ရေး ဆိုင်ရာများ၊ မိုးလေ၀သနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး ဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရေးနှင့် မြန်မာ့တပ်မတော်မှ ပညာတော်သင်များ ဂျပန်နိုင်ငံတွင် လာရောက်ပညာ သင်ကြားနေမှု အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့များ၏ ပူးတွဲစစ်ဦးစီးချုပ် Admiral Katsutoshi KAWANO တို့သည် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger