www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 11, 2017

ယခုလဆန်းပိုင်းမှစ၍ ရွှေဈေးနှုန်း ကျဆင်းနေသော်လည်း ဝယ်လိုအားနည်းနေ



ရန်ကုန် ၁၁-၇-၂၀၁၇

ပြည်တွင်း၌ ဇူလိုင်လဆန်းပိုင်း မှစ၍ရွှေဈေးနှုန်း ကျဆင်းနေသော်လည်း ဝယ်လိုအား နည်းနေကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းမှ သိရသည်။

ထိုသို့ ရွှေဈေးနှုန်း ကျဆင်းရခြင်းမှာ ကမ္ဘာ့ရွှေဈေးနှင့် အမေရိကန် ဒေါ်လာဈေးများ ကျဆင်းခြင်းအပြင် ရွှေအဓိက အသုံးပြုသည့် နိုင်ငံများတွင်လည်း ဝယ်လိုအား နည်းခြင်းများနှင့် သက်ဆိုင်သောကြောင့် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်း ရေးမှူး ဦးကျော်ဝင်းက ပြောသည်။

မြန်မာနိုင်ငံသည် ရွှေထည်လက်ဝတ် ရတနာများကို ကြိုက်နှစ်သက်သည့် နိုင်ငံဖြစ်သော်လည်း ပြည်သူလူထုက ဝင်ငွေကောင်းမှသာ ဝယ်လိုအား မြင့်တက်လာနိုင်မည် ဖြစ်ကြောင်း၊ ယခုလိုအချိန်မျိုးတွင် နှစ်စဉ် ရွှေဈေးနှုန်း ကျဆင်းနေသော်လည်း ယခုနှစ်သည် ယမန်နှစ်ကကဲ့သို့ ရွှေဈေးနှုန်း ကျဆင်းခြင်း မရှိသေးကြောင်း သိရသည်။

လက်ရှိ မန္တလေးဈေးကွက်၌ ယမန်နေ့က အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၈၈၉ဝဝဝ ပေါက်ဈေးရှိနေပြီး ၁၅ ပဲရည် ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၈၃၆၇ဝဝ ပေါက်ဈေးရှိကြောင်း၊ ဇူလိုင် ၇ရက်က ရန်ကုန်ပေါက်ဈေးမှာ အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၈၉၃၅ဝဝ နှင့် ၁၅ ပဲရည် တစ်ကျပ်သားလျှင် ငွေကျပ် ၈၄ဝ၉ဝဝ ပေါက်ဈေးရှိကြောင်း၊ ရွှေဝယ်ယူမှုအတွက် အခွန်ဆောင်ရာတွင် လက်ဝတ်ရတနာအား ရွှေဝယ်ယူမှုအပေါ်၌ အဖိုးအခ ၏ ၁ ရာခိုင်နှုန်းကို ပေးဆောင်ရကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger